Thursday, 1 November 2012

ဇာတ်နိမ့် ဇာတ်မြင့်ရေချိုးသောနေရာသို့ အလည်တစ်ခေါက်


 စာမေးပွဲပြီးသောအခါ သူငယ်ချင်းများနှင့်အိန္ဒိယနိုင်ငံ ရာဇဂြိုလ်မြို့ သို့ 
အလည်သွားခဲ့ကြ၏။ရာဇဂြိုလ်ပြည်ဝေဘာရတောင်သို့ တက်သောအခါ 
ဇာတ်နိမ့် ဇာတ်မြင့်ရေချိုးသူများ နှင့်ရောပြီး တန်းဆီတက်လာခဲ့ရ၏။
 ရေချိုးသူများသောကြောင့် အိန္ဒယရဲများက ထိန်းသိမ်းပေးနေရ၏။

    ရေချိုးတဲ့နေရာကိုကြည့်လိုက်သောအခါ ဇာတ်မြင့်သောပုဂ္ဂိုလ် များကချိုးချလိုက်သောရေကို ဇာတ်နိမ့်ပုဂ္ဂိုလ်များက အောက်မှခံပြီး ချိုးကြလေ၏။
ဇာတ်နိမ့်ပုဂ္ဂိုလ်များ ဘာကြောင့်ဇာတ်မြင့်တဲ့သူတွေချိုးသောရေကို ချိုးတာလဲ ဟုသူငယ်ချင်းတစ်ပါးကို မေးသောအခါ ဇာတ်မြင်တဲ့
သူတွေချိုးပြီးသာရေကို ချိုးရင် အမျိုးမြတ်တယ် ကျန်းမာတယ် 
အယူရှိကြတယ် ဒါကြောင့်ချိုးကြတာတဲ့ ။
 သူငယ်ချင်းတစ်ပါးက ဘေးကနေပြောပြပြန်၏။သူတို့ ဒီရေကို ချိုးတာ
က သူတို့ လုပ်ထားတဲ့အကုသိုလ်အညစ်အကြေးတွေလာပြီးဆေး
ကြောတဲ့အနေနဲ့ ချိုးကြတာတဲ့။
          သြော်သနားစရာကောင်းလိုက်တာဟုတွေးလိုက်မိပါ၏။
အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရား၏စကားအရ လူတစ်ယောက်သည် မွေးဖွားပြီး ဇာတ်နိမ့်သူ၊ မြင့်မြတ်လာသူဖြစ်
လာတာမဟုတ်၊သူ့ ၏လုပ်ဆောင်ချက်များကြာင့်သာ ဇာတ်နိမ့်သူ
 သို့ မဟုတ် မြင့်မြတ်သောသူဖြစ်သောကြောင့်ဟုဟောထား
တာရှိသောကြောင့်ဖြစ်ပါသည်။

  ထိုကြောင့်ဇာတ်နိမ့်၊ဇာတ်မြင့်သည် အဓိက မဟုတ် ၊အသားဖြူး ၊အသားမဲသည်လည်း အဓိက မဟုတ်ပါ ။စိတ်ထားဖြူစင်အောင်
ထားပြီး မကောင်းမှုကိုမလုပ်ဘဲ ကောင်းမှုကိုသာ လုပ်နေမယ်ဆိုရင် အမြဲတမ်းဇာတ်မြင့်ပုဂ္ဂိုလ် ဖြစ်ပါတယ်ဟုမှတ်ယူရပေလိမ့်မည်။

     ထိုပြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောထားတဲ့ဂါထာလေးတစ်ပုဒ်
ရှိသေး၏။ဇလေန ဘ၀န္တိ ဆိုတဲ့ဂါထာလေးဖြစ်၏။

        အဓိပ္ပါယ်က -----ရေကြောင့်ဖြစ်သော အညစ်အကြေးကို
 ရေနဲ့ ဘဲဆေးကြောမှပြောင်းသလို့  စိတ်ကြောင့်ဖြစ်တဲ့အညစ်
အကြေးကို စိတ်နဲ့ ဘဲဆေးကြောမှပြောင်းလေ၏။

         ဦးဇင်းတို့ မြန်မာပြည်မှာလည်း နှစ်ဟောင်းက အညစ်
အကြေးတွေဆေးကြောလို့ သင်္ကြန်ဆိုပြီးရေနဲ့ ဆေးတာတွေရှိပါတယ်။
တစ်ကယ်တော့စိတ်ကြောင့်ဖြစ်တဲ့ လောဘတွေ၊ဒေါသတွေ၊မောဟတွေကိုတော့
ရေနဲ့ ဆေးလို့ မပြောင်းနိုင်ပါဘူး။ဒါန၊သီလ၊ဘာဝနာတရားတွေနဲ့ ဆေး
ကြောမှပြောင်းပါလိမ့် မယ်ဆိုတာကိုအလေးအနက်သိထားစေချင်ပါသည်။

သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
                                            အရှင်ဝိစက္ခဏ(မဟာလယ်တီ)



No comments:

Post a Comment

မြင့်မြတ်သောစိတ်ထားသို့ လာရောက် လည်ပတ်ကြသော ဓမ္မစာပေချစ်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ၍ မိမိ၏စိတ်ဆန္ဒ ဘဝနှင့်တစ်ထပ်ထဲကြကာ လိုလားတောင်းတ အပ်သော မဂ်,ဖိုလ် နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်ကြပါစေ