( အရှင်ကောဏ္ဍညမထေရ်မြတ်ကြီး ပထမဦးဆုံးတရားထူး တရား
မြတ်တွေသိတဲ့အချိန်သည်
ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော်
သုံးဆယ့်ငါးနှစ်မှာဖြစ်ပါသည်။
သုဘဒ္ဒပရဗိုဇ်ကြီးနောက်ဆုံးတရားတရားထူးတရားတွေမြတ်ရတဲ့
အချိန်သည်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသက်တော်ရှစ်ဆယ်၊ ၀ါတော်
လေးဆယ့်ငါးဝါရနေလေပြီး။ဘာကြာင့်လေးဆယ်ငါးနှစ်ကွာခြားနေတာလဲ
ဆိုတာသိချင်သောကြောင့်
မိမိလက်လှမ်းမီသလောက်--------- )
ဘုရားရှင်ကိုယ်တော်မြတ်ကြီး
နှစ်ဆယ့်ကိုးနှစ်ရောက်တဲ့အခါ
သူအို၊သူနာ၊သူသေ၊ ရဟန်းနိမိတ်လေးပါးမြင်ပြီး ညီတော်စန္ဒနှင့်
ကဏ္ဍကမြင်းကို
ခေါ်ပြီး တောထွက်ခဲ့လေသည်။
တောထဲမှာခြာက်နှစ်ဒုက္ကရကျာင့်ပြီး သက်တော်သုံးဆယ့်
ငါးနှစ်မှာသဗ္ဗညုဘုရားအဖြစ်ကိုရောက်ရှိပြီးတစ်ချိန်တုန်းက
တပည့်ဖြစ်ခဲ့ဖူးသူပဉ္စ၀ဂ္ဂိငါးဦးကို
တရားဟောခဲ့လေသည်။
တရားဟောပြီး လူသားထဲမှာ အရှင်ကောဏ္ဍညက
ပထမဦးဆုံးတရားရသူအဖြစ်(အညာသိကောဏ္ဍညော)အဖြစ်သမိုင်း
မှတ်တိုင်ထူခဲ့လေသည်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ထိုနေ့ စပြီးလေးဆယ့်
ငါးဝါကာလပတ်လုံး
ဘုရင်နှင့်ကျေးတောသား ပုဏ္ဍားနှင့်ယာစက သူဋ္ဌေးနှင့်သူတောင်စား
ခိုသားနှင့်လူတော်ဟု မြူတစ်စိတ်မျှခွဲခြားမှု
မထားဘဲတရားဟောလာခဲ့ရာ
သက်တော်ရှစ်ဆယ်၊၀ါတော်လေးဆယ့်
ငါးဝါ ပရိနိဗ္ဗာန်စံခါနီးမှာ
မေးခွန်တွေလာမေးသော သုဘဒ္ဒပရဗိုရ်
ကြီးကိုမကျန်းမားသည့်ကြားက
တရားဟောလိုက်ရာ သုဘဒ္ဒပရဗိုဇ်ကြီး
ဘုရားရှင်၏တရားကိုနောက်ဆုံးမှာသိသူအဖြစ်သမိုင်းမှတ်တိုင်
ထူသွားလေသည်။
အထက်ပါဖြစ်ရပ်ကို ကြည့်ပြီး ဦးဇင်းရဲ့ခေါင်းထဲအတွေးတစ်ခုဝင်
လာ၏။ထိုအတွေးကို
ပြန်ရှယ်လိုက်ခြင်ဖြစ်ပါ၏။
အရှင်ကောဏ္ဍညမထေရ်မြတ်ကြီး ပထမဦးဆုံးတရားထူး တရား
မြတ်တွေသိတဲ့အချိန်သည်
ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော်
သုံးဆယ့်ငါးနှစ်မှာဖြစ်ပါသည်။
သုဘဒ္ဒပရဗိုဇ်ကြီးနောက်ဆုံးတရားတရားထူးတရားတွေမြတ်ရတဲ့
အချိန်သည်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသက်တော်ရှစ်ဆယ်၊ ၀ါတော်
လေးဆယ့်ငါးဝါ
ရနေလေပြီး။
သက်တော်ရှစ်ဆယ်ထဲက သုံးဆယ့်ငါးနှစ်ကိုနုတ်လျှင် လေးဆယ့်
ငါးနှစ်ကျန်လေသည်။ဒါကြောင့်အရှင်ကောဏ္ဍည က သုဘဒ္ဒပရဗိုဇ်ကြီး
ထက်လေးဆယ့်ငါးနှစ်စောပြီး
တရားထူးတရားမြတ်တွေသိလေသည်။
သုဘဒ္ဒပရဗိုဇ်ကတော့ အရှင်ကောဏ္ဍညနှင့်စာရင် လေးဆယ့်
ငါးနှစ်နောက်ကျလေသည်။ဘာကြောင့်ဒီလိုဖြစ်တာလည်းဆိုတာအဖြေ
သိချင်သောကြောင့်
မိမိလက်လှမ်းမိသလောက်စာအုပ်တွေရှာကာဖတ်
ရပြန်သည်။
ထို့ သို
့ဖတ်သောအခါအရှင်ကောဏ္ဍညနှင့်ပတ်သက်ပြီး
ထင်းရှားသောအချက်နှစ်ချက်ကို
တွေ့ ရလေ၏။ပထမတစ်ချက်က ----
အရှင်ကောဏ္ဍညမထေရ်မြတ်သည်ကမ္ဘာတစ်သိန်းထက်အလွန် ပဒု
မုတ္တရာဘုရားရှင်လက်ထက်၌ဂဟပတိသူကြွယ်မျိုးမှာဖြစ်ခဲ့လေ၏။
ထိုဘုရားရှင်လက်ထက်၌ဧတဒဂ်ရသောရဟန်းတစ်ပါးကို မြင်ပြီးအားကျသောကြောင့်
တစ်သိန်းသော သံဃာတိုကို မိမိအိမ်သို့ 
ပင့်ဖိတ်ကာခုနှစ်ရက်ပတ်လုံးယာဂုဆွမ်းဖြင့်လုပ်ကျွေးလှူဒါန်းလေ၏။
ခုနှစ်ရက်မြောက်သောအခါ သံဃာတစ်ပါးတစ်ပါးလျှင်အသပြာ
ငါးရာထိုက်သောသက်န်းတို့ 
ဖြင့်လှူဒါန်းပူဇော်ပြီးမှ ဘုရားခြေတော်ရင်းသို့ ကပ်ပြီးအရှင်ဘုရား
တပည့်တော်သည် ယခုပြုရသောကုသိုလ်ကောင်းမှုကြောင့်နောင်
ဘုရားရှင်တို့ ၏သာသနာဝယ် ရှေးဦးစွာတရားထူး တရားမြတ်တွေကို
သိရပါလို၏
ဟုဆုတောင်းခဲ့လေသည်။
နောက်ဒုတိယတစ်ချက်က အလွန်အံသြစရာကောင်းလှပေ၏။
ကိုးဆယ့်တစ်ကမ္ဘာထက်
ဝိပဿီမြတ်စွာဘုရားရှင်လက်ထက်အတွင်း
အရှင်ကောဏ္ဍညနှင့်သုဘဒ္ဒပရဗိုဇ်တို
့သည် အစ်ကိုကြီးမဟာ
ကာလနှင့် ညီငယ်စူဠကာလဟု ညီအစ်ကိုနှစ်ယောက်ဖြစ်ကြလေ၏။
ညီငယ်စူဠကာလက
သုဘဒ္ဒလောင်းလျာဖြစ်ပြီးအစ်ကိုကြီးမဟာကာလ ကအရှင်ကောဏ္ဍညလောင်းလျာဖြစ်ကြလေ၏။
ညီငယ်စူဠကာလ က ပေးကမ်းမှုမရှိ၊လှူဒါန်းမှုမရှိ ပေးလျှင်
ကုန်သည်ဟု
ယူဆထားလေ၏။အစ်ကိုကြီးမဟာကာလ ကတော့
ပေးခြင်းသည်ယူခြင်းဖြစ်သည်(Give
and Take)ကိုနားလည်းထားလေ
သည်။ထိုကြောင့်အလှူခံပုဂ္ဂိုလ်မှန်သမျှကိုပေးကမ်းလေ၏။
ထိုပြင်အစ်ကိုကြီးအဟာကာလသည် ပေးကမ်းခြင်းမှပါရမီဓာတ်ခံ
ပါသူတစ်ယောက်လည်းဖြစ်လေသည်။လှူချင်
ပေးချင်သူများသည်
အလှူခံပုဂ္ဂိုလ်မြင်တာနှင့်ပေးချင်နေကြ၏။ကျွေးချင်နေကြ၏။
ဦးဇင်းမန္တလေး ဆွမ်းခံအိမ်က ကလေးတစ်ယောက်သည်
အလှူခံပုဂ္ဂိုလ်မြင်လိုက်တာနှင့်အိမ်မှာရှိသောစားစရာတို့ ကို ယူပြီး
လောင်းလေ၏။ရှိခိုးလေ၏။ပါရမီးဓာတ်ခံမရှိသောကလေးများမှာ
ရဟန်းသံဃာမြင်လိုက်တာနှင့်ထွက်ပြေးကြလေ၏။
ပါရမီဆိုသည်မှာ အများနားလည်အောင်ပြောရလျှင် သံသရာ
တစ်ဖက်ကမ်းသို
့ကူးမြောက်ကြောင်းအကျင့်ဖြစ်ပါ၏။ကိုယ်တိုင်အားထုတ်
ယူရမည့်အကျင့်ဖြစ်ပါ၏။ထိုကြောင့်
ပါရမီဓာတ်ခံမရှိသူများအနေဖြင့် တဖြည်းဖြည်းကုသိုလ်လုပ်ရာမှာဝါသနာပါအောင်ကျင့်ယူရမည်ဖြစ်ပါ၏။
အစ်ကိုကြီးဖြစ်သောမဟာကာလသည်
ပါရမီဓာတ်ခံရှိသောသူဖြစ်သောကြောင့်အလှူခံပုဂ္ဂိုလ်တွေ
့တိုင်းလှူ
လေ၏။ထိုသိုအစ်ကိုကြီးဖြစ်သူခဏခဏလှူသောကြာင့်
ညီငယ်ဖြစ်သောစူဠကာလကလမ်းခွဲလိုက်လေ၏။ဒါကြောင့်ထင်ပါ၏။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကသတ္တ၀ါတို့ သည် ဓာတ်တူမှပေါင်းလိုရ
၏တဲ့။တရားသမားက တရားသမားပဲပေါင်း၏။
အရက်သမားက
အရက်သမားပဲပေါင်း၏။
ညီငယ်စူဠကာလကလမ်းခွဲသွားသောအခါအစ်ကိုကြီးမဟာကာလက
ဝမ်းနည်းမှုမဖြစ်ပါ။အဘယ်ကြောင့်ဆိုသောသူတော်ကောင်းစိတ်ဓာတ်
ရှိသူတွေသည်
လမ်းခွဲသွားရင်ဝမ်းလည်းမနည်း ငိုလည်း မငိုပါ။
အနှေင်အဖွဲ
့ကင်းသွားသောကြောင့်ပိုလိုတောင်ပျော်ပါးသေးသည်။
ထို့ ကြောင့်မဟာကာလသည် မိမိပြုလုပ်ချင်သော
ဒါနကုသိုလ်ကောင်းမှုကို
လွတ်လပ်စွာပိုပြီးတိုးကာလုပ်၏။
ထိုပြင် တစ်စတစ်စစွန့် ဝံ့မှသာလျှင်
ဘ၀နောက်နှာင်းဆက်
တိုင်းကောင်း၏လို
့သူတော်ကောင်းတို့ ပြောသောစကားကိုလည်း
လက်တွေ
့အသုံးချပြလေ၏။
မိမိလယ်မှထွက်သောစပါးတို့ ကို လူအများကိုခေါ်ပြီး
ရမရောဘဲနွားနိုထာပတ်
ပျားသကာတို့ ဖြင့်ကောင်းစွာရောနှော
လျက်ကျက်စေပြီးဘုရားအမှုးရှိသောသံဃာတော်အရှင်မြတ်တို
့
အားလှူဒါန်းလုပ်ကျွေးလေ၏။
ထို့ နေမှစပြီး မဟာကာလ၏စပါးခင်းတို့ သည် ယုတ်လျော့
သည်မရှိညီငယ်ထက်ပင်ပိုပြီးရလေ၏။ထို
့နောက်မဟာကာလ
သည်ကောက်ဦးအလှူကိုးမျိုးလုံးမှာ
လှူတိုင်းလှူတိုင်းပထမ
ဦးဆုံးလှူလေသည်။
လှူဒါန်းပြီး ဘုရားတပည့်တော်သည် စပါးတိုကို ဦးဦးဖျားဖျား
လှူဒါန်းရသောကုသိုလ်ကောင်းမှုကြောင့်နောင်ပွင့်တော်မူလတ္တံသောဘုရား
ရှင်တို
့၏အထံတော်ဝယ်သူတစ်ပါးတို့ ၏ရှေးဦးစွာတရားအရသာကို
ပထမဦးဆုံး
သောက်သုံးရသူဖြစ်ပါစေသား ဟု ဆုပန်လေ၏။
ညီငယ်စူဠကာလကတော့ လှူတိုင်းလှူတိုင်းနောက်ဆုံးမှာ
လှူလေ၏။တွက်ခြေကိုက်မှ
လှူဒါန်းလေ၏။ထိုစကားလုံးကိုစီးပွားရေး
နယ်ပယ်တွင်အသုံးများပါ၏။
အလှူဒါနပြုခြင်းသည် မိမိလောဘကို လျော့သွားအောင်လုပ်ချင်
ဖြစ်၏။တိုးအောင်လုပ်ခြင်မဟုတ်ပါ။ထိုကြောင့်ကုသိုလ်လုပ်တဲ့နေရာမှာ
သုဘဒ္ဒပရဗိုဇ်ကြီးလို
့တွက်ချေကိုက်မှလှူမယ်ဆို့ ရင်တော့ အကျိုးပေး
လည်းထက်သန်မည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော်
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
သဒိသံပါကံဇနေတိ
(life is reflection of mind) ဘ၀ဆိုတာ
စိတ်ရဲ့ရောင်ပြန်ဟပ်မှုလို
ဟောထားခဲ့သည်မဟုတ်ပါလော့။
ဒီဇာတ်လမ်းလေးမှာအရှင်ကောဏ္ဍညမထေရ်မြတ်ကြီးသည် လှူတိုင်းလှူတိုင်းမှာ ဦးဦးဖျားဖျားလှူဒါန်းရသောဒါနပါရမီကြောင့်
တရားထူး
တရားမြတ်တွေကိုပထမဦးဆုံး
သိပြီး အတိတ်ဘ၀က
ညီအစ်ကို တော်စပ်ခဲ့ဖူးသောသုဘဒ္ဒပရဗိုဇ်ကြီးထက်လည်း
လေး
ဆယ့်ငါးနှစ်စောပြီး
လောဘ ဒေါသ မောဟဆိုတဲ့ မီးဆယ့်တစ်
မီးငြိမ်းသွားလေသည်။
လှူတိုင်းလှူတိုင်းနောက်ဆုံးမှ လှူဒါန်းခဲ့သောသုဘဒ္ဒ
ပရဗိုဇ်ကြီးကတော့နောက်ဆုံးမှ
ပန်းတိုင်ကိုရောက်ခဲ့လေ၏။
ဒါကြာင့်တရားထူးတရားမြတ်တွေစောစောသိချင်ရင်တော့------------
ချမ်းချမ်းသာသာ၊ လှလှပပ၊
သြဇာတိက္ကမ၊ ကြီးလွန်းလှ၍၊
လိုရာရပြန်၊ အကောင်းမှန်သမျှ၊
သုံးဆောင်ရသည့် ကင်းပရန်သူ
ဖြစ်ရန်မူကား....
ကြည်လင်သဒ္ဓါ ရိုသေစွာဖြင့်
လိုရာကိုရွေး ချီးမြှောက်ပေးကာ
ငါမှလှူနိုင် ဂုဏ်မပြိုင်ဘဲ
ဉာဏ်ဖြင့်စွဲလျက်၊ ကျိုးရင်းဆက်ကို၊
သိလျက်ရွှင်လန်း နိဗ္ဗာန်မှန်းကာ
လှူပါစေသောဝ် လှူစေသောဝ်....။
သတ္တ၀ါ ခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
အရှင်ဝိစက္ခဏ(မဟာလယ်တီ)
No comments:
Post a Comment