ဒကာမမေးတဲ့  မိခင်ကြီးကို ပုတီးစိပ်ခိုင်းလည်း
မရဘူး တရားနာ
ခိုင်းလည်း မရဘူး ဘယ်လိုလုပ်ပေးရမလဲမေးတဲ့မေးခွန်းကိုဦးဇင်းသိသ
လောက် ဖြေပေးလိုက်ပါတယ်။
တစ်ခါက အရှင်သောဏ လို့ ခေါ်တဲ့ရဟန္တာ မထေရ်မြတ်တစ်ပါးဟာ
သူ့ ရဲ့ဖခင်တောထွက်ရဟန်းကြီးနှင့် တောင်ပေါ်ကျောင်းလေးမှာ နေပါ

တယ်ဖခင်ရဟန်းကြီးက လူ့ ဘ၀တုန်းက မုဆိုးလုပ်ပြီး အသက်မွေး
မှုပြုလုပ်ပြီးနေပါတယ်။အခုတော့ သားဦးဇင်းဆီမှာ ရဟန်းဝတ်ပြီးနေ
တာပေါ့။
ဒီလို့ နဲ့ တစ်နေ့ ဖခင်ရဟန်းကြီးသေခါနီးအခါ ခွေးနက်ကြီးတွေလာ
ကိုက်နေသယောင်နိမိတ်ထင်ပြီး သားရဟန်းကို ခွေးနက်ကြီးလာနေပြီး
မောင်းထုတ်ပါ လို့ အော်အစ်သတဲ့။
ဒီအကြောင်းကို သားရဟန်းကသိတော့ငါ့ရဲ့ဖခင်တော့ သူလုပ်ခဲ့တဲ့အကု

သိုလ်ကံတွေကြောင့် ငရဲရောက်တော့မှာပဲ။မဖြစ်သေးဘူး ငရဲမကျ
အောင်လုပ်မှာပဲဆိုပြီး ကိုရင်လေးကို ပန်းခူးခိုင်းပြီးစေတီရင်ပြင်ပေါ်မှာ
ဖခင်အတွက် သားရဟန်းက ပန်းပူဇော်ပေးပါတယ်။
ပြီးတော့သူ့ ရဲ့ဖခင်ကြီးကို စေတီပေါ်ခေါ်ပြပြီး အဖေအတွက်ဘုရားကို
သား ပန်းပူဇော်ပေးထားပါတယ် ကြည်ညိုပါ အဖေလို့  ပြောလိုက်

ပါတယ်။
ဖခင်ကြီးက ကြည်ညိုဝမ်းသာနေတုန်း စောစောကမြင်လိုက်တဲ့
ခွေးနက်ကြီးတွေပျောက်ပြီး နတ်သမီးတွေမြင်ရတော့တယ်တဲ့။

နတ်သမီးတွေလာနေတယ် ဖယ်ပေးပါ ဖယ်ပေးပါလို့ ပြောရင်
ဖခင်ရဟန်းကြီးပျံလွန်တော်မူသွားပြီး ကောင်းရာသုဂတိရောက်သွားရ
တဲ့အကြောင်းကို သင်္ဂြိုဟ်ဘာသာဋီကာမှာ ဖတ်ဖူးပါတယ်။
ဒါကြောင့်ဒကာမလည်းပဲ မိမိရဲ့မိခင်ကို ပုတီးစိပ်ခိုင်းလို့ မရဘူး
တရားနာခိုင်းလို့ မရဘူးဆိုရင် အရှင်သောဏရဟန္တာမထေရ်မြတ် ဖခင်
ကို ကျေးဇူးဆပ်သလို့ လုပ်လို့ ရပါတယ်။မိမိရဲ့မိခင်ကြီးအတွက် ကုသိုလ်ကောင်းမှု့ တွေလုပ်ပြီး မိခင်ကြီးကို ကုသိုလ်တွေကြည်ညို

ခိုင်းပါ။သာဓုခေါ်ခိုင်းပါ။
ဦးဇင်းတို့ ဆိုရင် မိဘတွေနဲ့ အဝေးမှာနေရပါတယ်။ဒါကြောင့် ဟိုတစ်
လောက မိဘတွေအတွက် သံဃာတော်အပါး (၇၀)လောက်ကို
ကိုယ်တက်နိုင်သလောက် ရေသန့် နဲ့ အချိုရည်တွေကပ်လှူပါတယ်။

မဟာဗောဓိဘုရားသွားပြီး မိဘတွေအတွက် ဘုရားစာရွတ်ပေးပါတယ်။
ဒါအတုယူတက်အောင်ပြောပြတာပါ။
ဒီလောက်ဆိုရင် အဆင်ပြေလောက်ပါပြီး။
သတ္တ၀ါ ခပ်သိမ်းတရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
အရှင်ဝိစက္ခဏ (မဟာလယ်တီ)

No comments:
Post a Comment