(ဘုရားဟောတရားတွေကို ဥုံ ခံပြီး ရွတ်နေမယ်ဆိုရင်
အရှေ့နဲ့ အနောက်လို့ ဆန်ကျင်နေတဲ့ အယူအဆနှစ်ခုကို
ပေါင်းစပ်ပြီး ရွတ်နေတာနဲ့ အတူတူပါပဲ။)
ဥုံဆိုတာ အ၊ဥ၊မ =အက္ခရာသုံးလုံးကို
ပေါင်းထားတာပါ။
အ-ဆိုတာ မဟာဗြဟ္မာကြီးရဲ့အထိမ်းအမှတ်။
ဥ-ဆိုတာဗိဿနိုးနတ်မင်းကြီးရဲ့အထိမ်းအမှတ်။

မ-ဆိုတာ
သီဝနတ်မင်းကြီးရဲ့အထိမ်းအမှတ်ပါ။
ဒါကြောင့် ဥုံ-ဆိုတာ ဟိန္ဒူဗြဟ္မဏ၀ါဒီတို့ ရဲ့အထွတ်အမြတ်
ထာဝရဘုရားသခင်ကို ရှိးခိုးပူဇော်တဲ့အက္ခရာတစ်ခုပါ။
ပြဿနဥပနိသျှဒ်ကျမ်းမှာဆိုရင် ဗြဟ္မာနဲ့ တွေ့ ဆုံပေါင်းစပ်လိုပါက ဥုံ-အက္ခရာကိုရွတ်ဆိုပွားများရမည်။ဗြဟ္မာကို အာရုံပြုရမည်။ဗြဟ္မာကို သိသူသည်ဗြဟ္မာအဖြစ်သို့ ရရှိ၏။ဥုံ-ဟူသော အက္ခရာကို ရွတ်ဆိုပွားများလျှင် ဗြဟ္မာ့ဉာဏ်ကို ရရှိ၏လို့ ဆိုထားပါတယ်။
ဗြဟ္မာဆိုတာ ဟိန္ဒူဗြဟ္မဏ၀ါဒီတို့ အဖို့  ထာဝရဘုရားသခင်ရဲ့ မဟာအတ္တကြီးကို ပြောတာပါ။
ဥုံ-ဆိုတာ တစ်ကယ်တော့ အတ္တ-ကို အာရုံပြု လက်ခံယုံကြည်သူတွေ ရွတ်တဲ့ အက္ခရာပါ။
ဦးဇင်းတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အနတ္တလက္ခဏ သုတ်မှာ
လောက အစဉ်မှာ မဖောက်မပြန်ဘဲ မိမိကိုယ်ကို အစိုးရနေတဲ့ အတ္တဆိုတာမရှိပါဘူးလို့ မြွတ်ကြားခဲ့တဲ့ဒေသနာနဲ့ ဖြောင့်ဖြေင့်ကြီး ဆန့် ကျင်နေပါတယ်။
ဒါကြောင့် မြတ်စွာဘုရားဟောတဲ့ဂါထာတွေကို ဥုံ-ခံပြီးရွတ်မယ်ဆိုရင်
အရှေ့နဲ့ အနောက်လို့ ဆန့် ကျင်နေတဲ့ အယူအဆနှစ်ခု(အတ္တ နဲ့ အနတ္တ)ကိုပေါင်းစပ်ပြီးရွတ်နေတာဖြစ်တဲ့အတွက်ဂါထာလည်း
ပျက်ပါတယ်။ အဓိပ္ပါယ်လည်း မရှိပါဘူး။
ဦးဇင်းခံယူထားတာကတော့ (တခြားသူတွေတော့ မပြောပါဘူး ကိုယ်ခံယူချက် ကိုပြောတာပါ)ဘုရားဟော တရားတော်များကို ဥုံ-ခံရွတ်ဆိုချင်းသည်ဘုရားရှင်ကော၊ ဘုရားရှင်၏တ
ရားတော်များကို စော်ကားရာရောက်သည်ဟု
ထင်မိပါသည်။ထို့ ကြောင့် ဒီစာကို ဖတ်ပြီးတဲ့ နေ့ မှစပြီး ဥုံ-ပါသော ဂါထာများကို မရွတ်တော့ပါ။
ဒီလို့ အသိဉာဏ်မျိုးရအောင်ရေးသားသော စာရေးဆရာ ၀င်းသိန်းဦး
ကိုလည်း ကျေးဇူးအထူးတင်နေမိပါသည်။
ဥုံ -အကြောင်း အကျယ်ဖတ်လို့ လျှင် စာရေးဆရာ ၀င်းသိန်းဦးရေး
သာသောရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန်ပါ စာအုပ်မှာ ဖတ်နိုင်
ပါသည်။
သတ္တ၀ါ ခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
အရှင်ဝိစက္ခဏ(မဟာလယ်တီ)

No comments:
Post a Comment