လူတွေနေ့ စဉ်နေ့ စဉ် ကာယကံ၊၀စီကံ၊မနောကံဆိုတဲ့ကံသုံးပါးနှင့်
ကုသိုလ် ဒါမမဟုတ် အကုသိုလ်တွေလုပ်ကြပါလိမ့်မယ်။
ကုသိုလ်ပြုတယ်ဆိုတာ မိမိ၏လောဘ၊ဒေါသ၊မောဟတွေ
နည်းအောင်၊ပါးအောင် ပြုလုပ်ခြင်းကိုဆိုလို ပါတယ်။
အပြန်အလှန်နားလည်ရင် မိမိ၏သန္တာန်မှာ လောဘ၊ဒေါသ၊
မောဟဆိုတဲ့အကုသိုလ်တရားတွေ ကပ်ငြိနေတယ်ဆိုရင်
မှန်ကန်သော ကုသိုလ်လုပ်နည်း လို့ ပြောလို့ မရနိုင်ပါဘူး။
လူတွေသည် များသောအားဖြင့် ကုသိုလ်လုပ်ကြပြီးဆိုရင်
မိမိတို့ ၏အစမထင်သံသရာကပါလာတဲ့ အတ္တနှင့်မာန-က
လွှမ်းမိုးပြီးသာဖြစ်နေပါတယ်။
ဥပမာ-အသင်းအဖွဲ့ အစည်းမှာလုပ်လုပ်၊ကိုယ်အလှူပဲလုပ်လုပ်
ကျွန်တော်က အဓိက ကြတယ်။သူတို့ က ကျွန်တော့တပည့်
တွေလေ။ကျွန်တော်မပါရင်ပွဲမစည်ဘူးလို့ ပြောတက်ကြပါတယ်။
တစ်ချိုဆိုရင် လောဘ၊ဒေါသ၊မောဟနည်းအောင် လှူတာ မဟုတ်ဘဲ
သူလှူလို့ ငါလှူတာ။ငါက သူထက် သာအောင်လှူတာဆိုပြီး
လောဘနည်းအောင်လှူတာ မဟုတ်ဘဲ။မိမိ၏အတ္တ၊မာနတွေကြောင့် လှူတာတွေလည်း ရှိပါတယ်။တစ်ကယ်လို့ သာမိမိ၏အလှူသည်
အတ္တ၊မာန၊ဒိဋ္ဌိတွေပါနေပြီးဆိုရင်သံသရာတိုစေတဲ့တရားတွေ မဟုတ်
တော့ဘဲ၊သံသရာကိုရှည်စေတက်သောတရားတွေဖြစ်ကုန်ပြီးဆိုတာ
နားလည်ထားဖို့ လိုပါတယ်။
ဒါကြောင့် ကုသိုလ်တစ်ခုလုပ်ပြီးဆိုရင် မိမိရဲ့လောဘ၊ဒေါသ၊မောဟ
တရားတွေနည်းပါးအောင်လုပ်ပြီး၊မေတ္တာ၊ကရုနာ၊မုဒိတာ၊ဥပေက္ခာတရား
တွေပွားများအောင်သတိထားပြီးလုပ်သင့်ပါတယ်။
ဒါမှ ကုသိုလ်ရဲ့အကျိုးတရားကို ကောင်းစွာခံစားရရှိနိုင်သလိုကုသိုလ်ရဲ့
အနှစ်သာရကိုလည်း ကောင်းစွာဖော်ဆောင်ရာလည်းရောက်ပါတယ်လို့ 
တင်ပြလိုက်ပါရစေ။
သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
အရှင်ဝိစက္ခဏ(မဟာလယ်တီ)
No comments:
Post a Comment