လူတိုင်း လူတိုင်း အောင်မြင်ချင်ကြတယ် ငြိမ်းချမ်းချင်ကြတယ်။
ဘာလို
့မအောင်မြင်တာလည်းမေးရင် ကိုယ်ကိုယ်တိုင်က အရင်စပြီး
ကိုယ်ရဲ့စိတ်ကို
မ change လို့ ပါပဲ။ကိုယ်ရဲ့စိတ်ကိုမပြောင်းလဲဘဲနဲ့ 
တော့  အောင်မြင်တယ်နည်းလမ်းတွေ
ငြိမ်းချမ်းတဲ့ နည်းလမ်း
တွေဘယ်လောက်ပဲသိသိ လက်တွေ့ မပါတဲ့အသိတစ်ခုဟာ ဆားမပါတဲ့ဟင်းလို
့ပဲပေါ့ပျက်ပျက်ဖြစ်နေမှာ သေချာပါတယ်။
ဘ၀မှာ အမှန်တရားကို မြတ်နိုးတယ် ငြိမ်းချမ်း
မှုကို ရချင်တယ်ဆိုရင် စစ်မှန်တဲ့တရား သဘာဝလောကကြီးနဲ့ ကိုက်ညီ
တဲ့တရား ရှာဖွေတက်ရမယ်
ပြီးရင် ကိုယ့်စိတ်ကို စပြီး change
ရပါလိမ့်မယ်။ကိုယ်စိတ်ကို မ change ဘဲနဲ
့ငါ အောင်မြင်မှုကို ရချင်
တယ် စစ်မှန်သော ငြိမ်းချမ်းမှုကိုပေးစွမ်းနိုင်တဲ့နိဗ္ဗာန်
ရချင်တယ်ဆိုလို့ 
ရှိရင် ကောင်းကင်က ဖို့ လမင်းကြီးကို ကြည့်ပြီ့း ငိုနေတဲ့ကလေးနဲ့  တူနေတော့မှာပေါ့။
ငြိမ်းချမ်းသော ဘ၀ကိုတည်ဆောက်ချင်တယ် သောက ပရိဒေ၀တွေလွတ်မြောက်ချင်တယ်ဆိုရင် ဘုရားလောင်းသူတော်
ကောင်းတွေရဲ့စိတ်ဓာတ်ကို
အတုယူရပါလိမ့်မယ်။ဦးဇင်းတို့ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးသည်
အသက်(၂၉)နှစ်မှာနိမိတ်ကြီးလေးပါး
မြင်ပြီးတော့ မိမိရဲ့စိတ်ဓာတ်ကို စတင်ပြီးတော့ပြောင်းလဲလိုက်တယ်။
(၆)နှစ်ပတ်လုံးစစ်မှန်သော တရားဓမ္မကို ကိုယ့်တိုင်ကျင့်သုံးပြီး
ယူခဲ့ပါတယ်။
မြတ်ဗုဒ္ဓ၏အဂ္ဂမဟာသာဝကလောင်းလျာဖြစ်တဲ့
ဥပတိဿနှင့်
ကောလိတ(အရင်သာရိပုတ္တရာ၊အရှင်မဟာမောဂ္ဂလာန်)ဆိုတဲ့နာလန္ဒမြို့ 
သားသူငယ်ချင်းနှစ်ယောက် ပူလောင်မှုတွေကင်းဝေးတဲ့ ငြိမ်ချမ်းသော
တရားဓမ္မတွေရှာရင်းလမ်းမှားပြီးတိတ္ထိဆရာကြီးခြောက်ယောက်ထဲက
တစ်ယောက်အပါဝင်ဖြစ်တဲ့ အမရာဝိက္ခေပ၀ါဒဖြင့်ထင်းရှားသော
သဉ္စယဗေလဋ္ဌပုတ္တအမည်ရှိသိဉ္စည်းဆရာကြီးထံတပည့်ခံပြီး
ပရိဗိုဇ်
လုပ်ခဲ့ကြသေးတယ်။
နောက်ဆုံး
ဥပတိဿသည် ဓမ္မဒူတ အရှင်အဿဇိနဲ့ 
တွေ့ ပြီး ယေဓမ္မာဟေတုပ္ပဘဝါ အစရှိတဲ့ဂါထာလေးကိုနားကြားရပြီး
မိမိတို့ ၏စိတ်ကို change ပြီး မှန်ကန်သောဓမ္မလမ်းကြောင်းပေါ်
လျှောက်ခဲ့ကြတာ
မဟုတ်ပါလော့။
ဥပတိဿသည် အရှင်အဿဇိထံမှ ယေဓမ္မာ
ဟေတု
ပ္ပဘ၀ါ ဂါထာကိုနည်းထောင်ပေါင်းများစွာနဲ
့ချဲထွင်ပြီးနာလိုက်တာ
သောတာပန်တည်သွားပါတယ်။ဥပတိဿသည်မိမိနာယူရသော
သစ္စာလေးပါးတရားကို
သူငယ်ချင်းကောလိတကိုပြန်ဟောရာ
ကောလိတလည်းသောတာပန်တည်သွားပါတယ်။သူငယ်ချင်းနှစ်
ယောက်
မြတ်ဗုဒ္ဓ၏တရားဓမ္မကိုသိဉ္စည်းဆရာ၏တပည့် (၂၅၀)တို့ ကို
လည်း ဟောကြားပြသရာအားလုံးက မြတ်ဗုဒ္ဓ၏သစ္စ၀ိဘဇ္ဇ၀ါဒကိုလက်
ခံကြပါတယ်။ထို
့ကြောင့်သူတို့ အားလုံးဝေဠုဝန်မှာရှိနေသော မြတ်ဗုဒ္ဓ
ထံ တပည့်ခံသွားကြဖို့ သဘောတူဆုံးဖြတ်ခဲ့ကြတယ်။
ဒါတွေကိုကြည့်ရင်အရှင်အဿဇိက ၏ဟောကြားလိုက်သော
ယေဓမ္မာ ဟေတုပ္ပဘ၀ါ-ဂါထာလေးကို အကြောင်းပြုပြီး အဂ္ဂမဟာသာ
ဝကလောင်းလျာဖြစ်တဲ့ဥပတိဿနှင့်ကောလိတ(အရှင်သာရိပုတ္တရာနှင့်
အရှင်မဟာမောဂ္ဂလာန်)နဲ
့သိဉ္စည်းဆရာကြီး၏တပည့်(၂၅၀)တို့ သည်
မိမိတို
့စိတ်ကို ငြိမ်းချမ်းဆီသို စတင် changeလိုက်သည်အကျိုးရလဒ်
ပင်မဟုတ်ပါလော့။
ဒါကြောင့် မိမိတို့ သည်
ငြိမ်းချမ်းသော နိဗ္ဗာန်ချမ်းသာကို ရချင်တယ်ဆိုလို့ ရှိရင်
လောဘ၊ဒေါသ၊မောဟတွေထဲမှာ ပျော်မွေ့ နေတဲ့
မိမိတို့ ရဲ့စိတ်တွေကိုအရင်ဆုံးပြောင်းလဲပစ်ပြီး မှန်ကန်သောဓမ္မလမ်း
ကြောင်းပေါ်ကို လျှောက်လှမ်းဖို့ တော့လိုပါလိမ့်မယ်။
ကြောင်းပေါ်ကို လျှောက်လှမ်းဖို့ တော့လိုပါလိမ့်မယ်။
ယေဓမ္မာ ဟေတုပ္ပဘဝါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊
ဧဝံဝါဒီ မဟာသမဏော။
ငါ့ရှင် ….. ခန္ဓာငါးပါး
ဒုက္ခသစ္စာတရားတို့သည်
သမုဒယသစ္စာ တဏှာလောဘလျှင်
အမွန်အစ အခြေခံအကြောင်းရင်း
ရှိကြကုန်၏။
ထိုခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကိုလည်းကောင်း၊
ထိုခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏
အခြေခံအကြောင်းရင်း
သမုဒယသစ္စာ တဏှာလောဘကိုလည်းကောင်း၊
ထိုဒုက္ခသစ္စာနှင့်သမုဒယ ဝဋ်သစ္စာ
နှစ်ပါးတို့၏ချုပ်ရာ
နိရောဓသစ္စာနှင့် ချုပ်ငြိမ်းရာ
ချုပ်ငြိမ်းကြောင်း အကျင့်ကောင်း မဂ္ဂသစ္စာ ဤနှစ်ပါးတို့ကိုလည်းကောင်း
ငါတို့၏ဆရာ မြတ်ဗုဒ္ဓက ခွဲခြမ်းစိတ်ဖြာ
ဟောကြားတော်မူပါ၏။
ငါတို့၏ဆရာ မြတ်ဗုဒ္ဓသည် သစ္စာလေးပါးကို
ဝေဘန် ဟောကြားတတ်သည့်
သစ္စာဝါဒီ ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူ၏။
သတ္တ၀ါ ခပ်သိမ်း တရားကိန်း
အေးငြိမ်းချမ်းသာရှိပါစေ။
အရှင်ဝိစက္ခဏ(မဟာလယ်တီ)
No comments:
Post a Comment