Saturday, 3 November 2012

ဘ၀မှာ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဆိုရင်----



   
          တစ်နေ့ ဒီဃဇာဏု အမျိုးကောင်းသားသည် ဘုရားရှင်ကို
 လျှောက်၏။ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား တပည့်တော် ပစ္စုပ္ပန်မှာလည်းဇနီးမယားသားသမီးတွေနဲ့ ချမ်းချမ်းသာသာ ပျော်ပျော်
ရွှင်ရွှင်နေချင်ပါတယ်ဘုရား တမလွန်မှာလည်း ချမ်းချမ်းသာသာပျော်
ပျော်ရွှင်ရွှင်နေချင်ပါတယ်ဘုရား ။ဒါကြောင့်ပစ္စုပ္ပန် တမလွန်ချမ်း
သာကြောင်းတရားတွေ ဟောပေးပါဘုရားလို့ လျှောက်လိုက်လေ၏။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဒီဃဇာဏုအမျိုးကောင်းသားအား
ပစ္စုပ္ပန်ကြီးပွားကြောင်းတရားလေးပါး တမလွန်ကြီးပွားကြောင်းတရား
လေးပါး ကိုဟောကြားခဲ့လေ၏။

                 ပစ္စုပ္ပန်ကြီးပွားကြောင်းတရားလေးပါးမှာ -----------

(၁)ဥဋ္ဌါနသမ္ပဒါ -ထကြွလုံ့ လ ၀ိရိယဖြင့်ဥစ္စာစည်းစိမ်ကို ရှာဖွေရမည်။

(၂)အာရက္ခသမ္ပဒါ- မကုန်သင့်တာ မကုန်အောင်ထိန်းသိမ်းစောင့်
   ရှောက်မှု ပြုရမည်။

(၃)ကလျာနမိတ္တသမ္ပဒါ-မိတ်ဆွေကောင်းရှိရမည်။

(၄)သမဇီဝိတသမ္ပဒါ- ၀င်ငွေ ထွက်ငွေ မျှတအောင် သုံးစွဲတက်ရမည်။


      တမလွန်ကြီးပွားကြောင်းတရားလေးပါးမှာ--

(၁)သဒ္ဓါ - ဘုရား တရား သံဃာအပေါ် ယုံကြည်ကိုးကွယ်မှု
    သဒ္ဓါတရားရှိရမယ် ။

(၂)သီလ  ကိုယ်ကျင့်သီလစောင့်ထိန်းရမယ်။

(၃)စာဂ- စွန့် ကျဲပေးကမ်းလှူဒါန်းမှုရှိရမယ်။

(၄)ပညာ- ကုသိုလ် အကုသိုလ်ခွဲခြားနိုင်တဲ့အသိပညာ၊  ၀ိပဿနာဥာဏ်ပညာရှိရမယ် လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
 ဒီဃဇာဏုအမျိုးကောင်းသားကို ဟောကြားတော်မူခဲ့ပါတယ်။  

                        ဒါကို ကြည့်ခြင်အားဖြင့် ဘုရားရှင်ကိုယ်တော်
မြတ်ကြီးသည်လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်ကပင်လောက လူ
သားတို့ အတွက် ကြီးပွားရေးတရားတွေ ဟောကြားခဲ့ပါ၏။

        တစ်ချိုလည်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် မအို မနာ
 မသေတရားပဲ ဟောတယ်ဆို ပြီး မဖတ်ဖြစ်ကြပါ။တစ်ချို့ လည်း 
ဖတ်ကာဖတ်ဖြစ်ကြပါ၏။ လက်တွေ့ လိုက်နာရကောင်းမှန်း မသိကြပါ။

     အမှန်စင်စစ်ကား ဘုရားရှင်၏တရားတော်များသည် ပထမဆုံး သိ
အောင်လုပ်ရမည်ဖြစ်ပါ၏။(Learning)။ဒုတိယ လက်တွေ့ အားထုတ်
ရမည် ဖြစ်၏။(Practice)။တတိယ ထိုးထွင်းသိမှာဖြစ်ပါတယ်။
(Realization)။
                     ဥပမာ- ဦးဇင်းရောဂါတစ်ခုဖြစ်လို့ ဆရာဝန်ကြီးဆီ
သွားပြတဲ့အခါ ဆရာဝန်ကြီးက စမ်းသပ်စစ်ဆေးပြီး ဆေးစား
ဖို့  ပေးလိုက်တယ် ဆေးညွှန့် ကို လည်းပေးလိုက်တယ်။ဒါပေမဲ့ 
ကိုယ်က ဆေးညွှန်မဖတ်ဘူး လက်တွေ့ မသောက်ဘူးဆိုလို့ ရှိရင်
 ရောဂါမပျောက်နိုင်ပါဘူး.။

     ဒီအတိုင်းပါပဲ ဘုရားရဲ့တရားတော်များသည်လည်း ပရိယတ္တိ
(Learning)၊ပဋိပတ္တိ (Practice )မရှိရင် ပဋိဝေဓ (Realization)
ဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး။

   ဒါကြောင့်ဘ၀မှာ ချမ်းချမ်းသာသာနှင့် ပျော်ပျော်ရွှင်ရွှင်နေချင်
တယ်ဆိုရင်ဘုရား၏တရားတော်များကို လက်တွေ့ လိုက်နာဖို့ မမေ့
လိုက်ကြပါနဲ့ ။
    
 သတ္တ၀ါ ခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
   
အရှင်ဝိစက္ခဏ(မဟာလယ်တီ)
   
                    




No comments:

Post a Comment

မြင့်မြတ်သောစိတ်ထားသို့ လာရောက် လည်ပတ်ကြသော ဓမ္မစာပေချစ်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ၍ မိမိ၏စိတ်ဆန္ဒ ဘဝနှင့်တစ်ထပ်ထဲကြကာ လိုလားတောင်းတ အပ်သော မဂ်,ဖိုလ် နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်ကြပါစေ