ဘုန်းကံရှိအောင်
ဖန်တီးယူလို့ ရလားဆိုတဲ့မေးခွန်းကို
ဖန်တီးယူလို့ ရတယ်လို့ ဖြေကြားပါရစေ။အဘယ်ကြောင့်ဆိုသော်
ထောက်ပြစရာဇာတ်လမ်းတွေတော့
ရှိပါတယ်။ဒါပေမဲ့ သိသာအောင်
ဇာတ်လမ်းတစ်ခုပဲ
ထုတ်ပြလိုက်ပါတယ်။
သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်းဆိုတာ
ရှိခဲ့ဖူးပါတယ်။
ဝသဘမင်းဟာသူ့ ဘယ်နှစ်နစ်လောက်တိုင်းပြည်ကို အုပ်ချုပ်ရမလဲ
ဝသဘမင်းဟာသူ့ ဘယ်နှစ်နစ်လောက်တိုင်းပြည်ကို အုပ်ချုပ်ရမလဲ
ဆိုတာ သိချင်တော့ ဟူးရားပညာရှင်တွေကို ခေါ်ပြီး
တွက်ခိုင်း
ပါတယ်။ဟူးရားပညာရှိတွေကတွက်ချက်ပြီး (၁၂)နှစ်မင်းပြုရမယ်လို့ 
ပါတယ်။ဟူးရားပညာရှိတွေကတွက်ချက်ပြီး (၁၂)နှစ်မင်းပြုရမယ်လို့ 
ဟောလိုက်ပါတယ်။
အဲဒီနောက် ၀သဘမင်း ဟာ
တိုင်းပြည်ကို ကြာကြာ အုပ်ချုပ်ချင်တော့ရဟန်းသံဃာတော်တွေကပ်ပြီး အရှင်ဘုရားတို့ 
အသက်ရှည်ရာရှည်ကြောင့် ဘုန်းကြီးရာ
ကြီးကြောင့် ကုသိုလ်တွေ
မရှိဘူးလားလို
့လျှောက်ပါတယ်။
ဒီတော့ သံဃာတော်တွေက ၀သဘမင်းမြတ်
ရေစစ်လှူပါ၊
နာမကျန်းဖြစ်နေတဲ့ရဟန်းတွေကို ဆေးလှူပါ၊ဟောင်းနွမ်းဆွေးမြည့်
နာမကျန်းဖြစ်နေတဲ့ရဟန်းတွေကို ဆေးလှူပါ၊ဟောင်းနွမ်းဆွေးမြည့်
နေတဲ့ကျောင်းဟောင်း
စေတီဟောင်းတွေကိုပြုပြင်ပါ။ငါးပါးသီလ
အမြဲစောင့်ထိန်းပါ၊ရှစ်ရက်ဥပုသ်၊ဆယ့်ငါးရက်ဥပုသ်တွေမှာရှစ်ပါးသီလ
ကိုးပါးသီလစောင့်ထိန်းပါ။ဒါဆို
အသက်ရှည်လိမ့်မယ်၊ဘုန်းကြီးလိမ့်
မယ်လို့ မိန့် လိုက်ပါတယ်။
မယ်လို့ မိန့် လိုက်ပါတယ်။
ဝသဘမင်းလည်း
ရဟန်းသံဃာတွေလမ်းညွှန်တဲ့အတိုင်း ပြုလုပ်လိုက်တာ (၁၂)နှစ်နှစ်မကဘဲ(၄၄)နှစ်တိုင်းပြည်ကိုအုပ်ချုပ်
လိုက်ရတယ်လို့ စာပေထဲမှာ
ပါပါတယ်။
ကဲ ဒကာမရေ အဓိကကတော့ ဘုန်းကံကြီးအောင်
ဖန်တီး
ချင်ရင်ရင်ကုသိုလ်ကောင်းမှု့ တွေလုပ်နေဖို့ ပြောတာပါ။ဒါန၊သီလ၊
ချင်ရင်ရင်ကုသိုလ်ကောင်းမှု့ တွေလုပ်နေဖို့ ပြောတာပါ။ဒါန၊သီလ၊
ဂုဏ်တော် ၊မေတ္တာပို
့၊၀ိပဿနာအဆင်ပြေတဲ့ကုသိုလ်တွေ
လုပ်နေလိုက်ပေါ့။
(ဗေဒင်ဆရာတွေရေတြချေခိုင်းတယ်ဆိုတာ ကုသိုလ်လုပ်ခိုင်းတာပါပဲ။
ဗေဒင်မေးရင်တော့ ---)
ကုသိုလ် (၆)မျိုးလင်္ကာလေး ဗဟုသုတအနေနဲ့ ရေးလိုက်ပါတယ်။
ရေစစ် ဆေးကျောင်း အဟောင်းပြုပြင်၊
ပဉ္စင် အဋ္ဌ သီလဖြူစင်၊
သက်ရှည်ကြောင်းစု ကောင်းမှု့ ခြောက်အင်၊
အခွင့်စိုက် ပြုလိုက် ထာဝစဉ်။
သတ္တ၀ါ ခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
အရှင်ဝိစက္ခဏ(မဟာလယ်တီ)
သတ္တ၀ါ ခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
အရှင်ဝိစက္ခဏ(မဟာလယ်တီ)
No comments:
Post a Comment