Tuesday, 23 October 2012

အမေနဲ့ ကျွန်တော်




(မှတ်ချက်) ဒီပိုစ့်လေးကို July 18 ရက်ဦးဇင်းရဲ့မွေးနေ့ မှာ  facebook ကနေ

တင်ဖူးပါတယ်။ယခု ဦးဇင်းရဲ့ဆိုက်မှာ တင်တာက ဒီနေ့  23.10.12 ရက်နေ့ 

ကျန်မာရေး မကောင်းလို့ အနားယူနေတုန်း သူငယ်ချင်းတစ်ယောက်က

ကမ္ဘကျော်အောင် လိမ်လည်မှုကြီး ကြည့်ပါလားဆိုပြီးလာပေးသွားတဲ့ စတစ်

ကဒ်လေးကိုကွန်ပြူတာ ထိုးကြည့်လိုက်တော့ အစ်(စ်)ဂွန်အောင် ခေါ် 

ကိုကိုလွင်ဆိုတဲ့သူ ဘန်ကောက်က ခရစ်ယာန်တရားဟောပွဲမှာ

 သူဟာ သာသနာ့ဘောင်မှာ ပထမငယ်တန်းတော့င် 

မအောင်ဘဲနဲ့  ကိုးဘွဲ့ ရဆရာတော် ဆိုပြီးလိမ်လည်

တရားဟောထားတွေလည်း ပါတယ်။

နောက်လိမ်တာ တစ်ခုက မိတ္ထိလာ ခရိုင် သာစည်မြို့ နယ်ယင်းမာရိုးကျေးရွာ

မိခင်ကိုယ်တိုင်သက်ရှိထင်းရှား ရှိနေရဲ့သားနဲ့ အမေ မရှိတော့ ဘူး။

ကျွန်တော်ငယ်ငယ်ကတည်းကနေ့ အမေမုဒိန်းကျင့်ခံရလို့ 

သေပြီးလို့  ကိုယ်ကောင်းစားဖို့  ပဲကြည့်ပြီး အမေကိုကိုယ်တောင်

 ကျေးဇူးမဆပ်တဲ့အပြင် မိဘကျေးဇူးစော်ကားတာလေး

သွားတွေ့ တော့ လူငယ်လေးတွေမိဘကျေးဇူးသိစေချင်လို့ 

ပြန်ပြီတင်လိုက်ပါတယ်။

ဒီ ဘာသာရေးတရားဟောဆရာ အက်(စ်)ဂွန်အောင် ခေါ်

ကိုကိုအောင်ရဲ့လိမ်လည်မှုတွေကို  တစ်ချို့ လည်းသိပြီးသာဖြစ်ပါလိမ့်မယ်။

မသိသေးတဲ့သူတွေအတွက် ဦးဇင်းအချိန်ရရင် ရေးတင်ပေးပါမယ်။

လိမ်လည်မှုခွေကို ကြည့်ချင်ရင် ဓမ္မစက္က ဦးမောင်မောင် 

အဖွဲ့ က ထုတ်ထားတာ ရှိပါတယ်။

ဖြစ်နိုင်ရင် ဒီခွေကို တောင်တန်းကလူငယ်တွေ တောရွာလေးတွေ

ဆီရောက်အောင် ကုသိုလ်လုပ်ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ။


                                   အမေနဲ့ ကျွန်တော်

                 ဦးဇင်း  မဂ္ဂဇင်းစာအုပ်ထဲမှာအသည်းအထူးကု 
 
ဆရာဝန်ကြီးတစ်ယောက်ရဲ့ရင်ဖွင့်တာကိုဖတ်လိုက်ရတယ်။

                              ဆရာဝန်ကြီးက ဘာပြောလဲဆိုရင်---
ကျွန်တော် ဆယ်တန်းစာမေးပွဲ အမှတ်ကောင်းကောင်းနဲ့ အောင်တဲ့အခါ 

အမေကို ဆေးကျောင်းတက်ချင်တဲ့အကြောင်းပြောလိုက်တော့ သားရယ်
  
 အမေမှာ ငွေများများမရှိဘူး။ဒါပေမဲ့ အမေမှာရှိတဲ့လက်ဝတ်လက်စားတွေ

ရောင်းပြီးတော့သားဖြစ်ချင် တဲ့ဆရာဝန်ကြီးဖြစ်အောင့် ကျောင်းထားမယ်တဲ့ 

ဒီလိုနဲ့ အမေရဲ့ကျေးဇူးတွေကြောင့် ကျွန်တော်ဆရာဝန်ပေါက်စ ဖြစ်လာတယ်။

                            
                 ဆရာဝန်ဖြစ်ပြီးလို့ အမေကို ကျေးဇူးဆပ်နေတုန်း သေမင်းက 

အမေကိုခေါ်သွားတယ်။ကျွန်တော်အခု အသဲအထူးကုဆရာဝန်ကြီးဖြစ်နေပြီး

နိုင်ငံကျော်ဆရာဝန်ကြီးဖြစ်နေပြီး ကျွန်တော်ရလာတဲ့ငွေတွေနဲ့ အမေကို

ပေးချင်တယ်၊ကျွေးချင်တယ်၊ထောက်ပံ့ချင်တယ် ၊ကျေးဇူးဆပ်ချင်တယ်။

ဒါပေမဲ့---------------အမေက မရှိတော့ဘူး တဲ့။

 ဆရာဝန်ကြီးရဲ့ခံစားချက်ကိုဖတ်ပြီး ဦးဇင်းလည်း စိတ်ထဲမှာ နစ်နေ

အောင်ခံစားလိုက်ရတယ်။ဘာလို့ လည်းဆိုရင် ဦးဇင်း အိန္ဒိယ ကို

ပညာသင်မလာမီ ဦးဇင်းရဲ့အမေနှင့်အဖေကို ဆရာဝန်ကြီးပြောသလို့ 

ပြောခဲ့ဘူးဖူးတယ်။

            အမေနှင့်အဖေက ဦးဇင်း ပညာသင်သွားချင်ရင် သွားပါ။အမေနှင့်

အဖေက သားလိုချင်သလောက်ဝတ္ထုငွေရှာပေးလိုက်မယ် ဒါပေမဲ့ ဆရာတော်

ကြီးဆီခွင့်ပြင်ချက်တောင်းလိုက်ဦး။ဆရာတော်ကြီး ခွင့်ပြုရင် သွားပေါ့

ဦးဇင်းလို့ ပြောတာလေးကို ပြန်မြင်ယောင်လာမိတယ်။
    
         မိဘတွေရဲ့သားသမီးတွေအပေါ်ထားတဲ့မေတ္တာဟာ၏အင်မတန်မှနက်ရှိုင်း
လွန်လှပါတယ်။ ဘာလို့ လည်းဆိုရင်------
 
          အမေဖြစ်သူက ဦးဇင်းတို့ တစ်တွေ အမိဝမ်းထဲမှာနေစဉ်ကထဲက 

အစားအသောက်တွေရှောင်ကြဉ်ပြီးနေရတယ်။ဂရုစိုက်ခဲ့ရတယ်။အဖေဖြစ်တဲ့

သူကလည်း မီးဖွားဖို့ အဆင်ပြေအောင် ရှာရ၊ဖွေရတယ်။

          မွေးဖွားလာပြီးဆိုတော့ မိဘတွေက  သားတွေ သမီးတွေလိမ္မာ

 အောင်ဟောဒါက ဘုန်းဘုန်း ဦးတော် ဦးတော်နဲ့သင်ပေးကြတယ်။ဒီလို

နေပါ။ဒီလို မနေနဲ့ လို့ လမ်းညွှန်ပေးကြတယ်။

                    နောက်ပြီး ကိုယ်သား၊သမီးလေး သူများတွေနှင့်ယှဉ်ရင်

 အောက်ကျ၊ နောက်ကျ မဖြစ်ရအောင် ကျောင်းထားပေးကြတယ်၊

 အ၀တ်အစားတွေဆင်ပေးကြတယ်၊ အချိန်တန်းအရွယ်ရောက်လာလို့ 

ရှိရင် အိမ်ထောင်ပြုပေးကြတယ်။

                   ဒါတွေ့ ကိုကြည်ရင်ဦးဇင်းတို့ တစ်တွေ ယနေ့ 

အချိန်အထိအသက်ရှင်ပြီးနေနိုင်တာ  ပညာတက်ကြီးတွေဖြစ်တာ

သာသနာ့တာဝန်ထမ်းဆောင်နိုင်တာတွေဟာ မိဘတွေရဲ့ကျေးဇူး
ကြောင့်ပါ။

မိဘတွေရဲ့ကျေးဇူးတွေက ဦးဇင်းတို့ အပေါ် ညီးငယ် ညီမငယ်တွေ အပေါ်မှာ
အများကြီးပါ။

            ကျေးဇူးအများကြီးရှိတဲ့မိဘတွေကိဘယ်လိုကျေးဇူးဆပ်မလဲ?

ဒို့ ကတော့ချမ်းသာမှ ကျေးဇူးဆပ်မယ်ဆိုရင်တော့ကိုယ်မချမ်းသာခင်

သေမင်းကအရင် ခေါ်သွားရင်ကျေးဇူးဆပ်လိုက်ရမှာမဟုတ်ပါဘူး။ 

ဒီတော့ အဖေနှင့်အမေကို သေမင်းက မခေါ်ခင်ကိုယ်တက်နိုင်သမျှ

မိဘကျေးဇူးဆပ်ရပါလိမ့်မယ်။ဘယ်လို ဆပ်ရမလဲဆိုရင် အဖေ

 အမေနားမှာနေတဲ့ ညီငယ်ညီမငယ်တွေကအဖေရယ် ဒီဆေးလေး

သောက်ပါ။အမေ ရယ်သစ်သီးလေးတွေစားနော် အဖေနှင့်အမေ

သောက်စေချင်လိုစားစေချင်လို့ သမီးမုန့် ဖို့ ထဲက၀ယ်လာတာ။

                အလုပ်လုပ်တဲ့သူဆိုရင် လစာထဲက၀ယ်လာတာ လို့ အဖေနဲ့ 

အမေစိတ်ချမ်းသာအောင်ပြောပေးရမယ်။တစ်နေ့ တာလုပ်ငန်း

တွေကိုလည်း မိမိတို့  တက်နိုင်သလောက်ကူလုပ်ပေးရမယ်။

              အဝေးကိုသွားပြီးအလုပ်လုပ်နေတဲ့ ညီငယ် ညီမတွေကလည်း
(ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပဋ္ဌာန်းတရားရွတ်ပြီးမိဘကျေးဇူးဆပ်တာကို 

အတုယူပြီ)အဖေ၊အမေအတွက်ဘုရားစာရွတ်ပြီး ကျေးဇူးဆပ်လို့ ရပါတယ်။

    ယူတက်ရင်ကျေးဇူးဆပ်စရာနည်းလမ်းတွေအများကြီးပါ။ဦးဇင်တို့ ဆိုရင် 

ဒီလထဲမှာလည်း အဖေနဲ အမေအတွက်  India မှာပညာသင်နေတဲ့

ရဟန်းတော်အပါး (၇၀)အတွက် ရေသန့် ဗူးနဲ့ အချိုရည်တွေလှူပါတယ်

ဘုရားဖြစ်ရာဗောဓိပင်အောက်သွားပြီး ဘုရားစာရွတ်ပါတယ်။ 

မိဘနှစ်ပါးကိုနီးနီးကပ်ကပ်ကျေးဇူးဆပ်ခွင့်မရပေမဲ့အဝေးကနေကုသိုလ်

ယူပြီးကျေးဇူးဆပ်လိုက်တာပါ။အတုယူတက်အောင်ပြောတာပါ။

(ကြွားတာလည်းနည်းနည်းပါတာပေါ့နော်)


နံပါတ်(၁) ဘုရား၊တရား၊သံဃာ ရတနာမြတ်သုံးပါး ကံကံ၏အကျိုးတရားကို
             မယုံကြည်တဲ့မိဘကို ယုံကြည်လာအောင်လုပ်ပေးရမယ်။

နံပါတ်(၂)ဥပုသ်သီတင်းသီလ မစောင့်ထိန်းနိုင်တဲ့မိဘ
                ကိုစောင့်ထိန်းနိုင်အောင်လုပ်ပေးရမယ်။

နံပါတ်(၃)စွန့် ကြဲပေးကမ်းလှူဒါန်းမှု မရှိတဲ့မိဘကို စွန့် ကြဲပေးကမ်း
            လှူဒါန်းမှုပြုနိုင်အောင်လုပ်ပေးရမယ်။စီစဉ်ပေးရမယ်။

နံပါတ်(၄)တရားမနာနိုင် တရားအားမထုတ်နိုင်တဲ့ မိဘတွေကိုတရားနာနိုင်
           အောင်တရားအားထုတ်နိုင်အောင်စီစဉ်ပေးရမယ်။ပြုလုပ်ပေးရမယ်။

ဒီ(၄)နည်းသာ လုပ်နိုင်ရင် မိဘကျေးဇူးကြေပါပြီး။

ကဲ ညီလေးတို့ ညီမလေးတို့ ရေ နောက်ဆုံးမှာခဲ့ချင်တာကတော့ မိဘကို 

ဘယ်တော့မှ မပြစ်မှားမိစေပါနဲ့ ။မိဘကို ကျေးဇူး မဆပ်ချင်နေပါ၊မိဘကို

မစော်ကားပါနဲ့ ။မိဘပြစ်မှား အပယ်လား တဲ့။
မိဘမျက်ရည်တစ်စက် သားသမီးဆင်းရဲတစ်သက် တဲ့။ ညီလေးတွေ 

ညီမလေးတွေဟာ မိဘတွေကို လောကီနည်း လောတ္ထရာနည်း
တွေနှင့် ကျေးဇူးဆပ်နိုင်တဲ့ သူလေးတွေဖြစ်ပါစေလို့ 
ဦးဇင်း ဆုတောင်းပေးလိုက်ပါတယ်။

         လက်ဆောင်

မိဘမေတ္တ ပန်းရွေကြာနဲ့ ပမာနှိုင်းဆို  မနှိုင်းလိုပါ 

ထိုပန်းကြွေကာ နွမ်းသောကြောင့်၊
မိဘမေတ္တာ စမ်းရေပြာနဲ့ ပမာနှိုင်းဆို မနှိုင်းလိုပါ ထိုစမ်းနွေမှာ ခမ်းသောကြောင့်၊
မိဘမေတ္တာ လစန္ဒာနဲ့  ပမာနှိုင်းဆို မနှိုင်းလိုပါ ထိုလ တိမ်လွှာဖုံးသောကြောင့်၊
မိဘမေတ္တာ နှိုင်းရာမတွေ့ ကာရံမေ့သည် မိဘမေတ္တာ မြသီတာ တဲ့။
                                                                                
 မိဘကျေးဇူးသိတက်တဲ့ သား၊သမီးတွေ၊ညီငယ် ၊ညီမငယ်လေးတွေဖြစ်

ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


                 


သတ္တ၀ါ ခပ်သိမ်းတရားကိန်းအေးငြိမ်းချမ်းသာရှိပါစေ။
                                     အရှင်ဝိစက္ခဏ(မဟာလယ်တီ)






No comments:

Post a Comment

မြင့်မြတ်သောစိတ်ထားသို့ လာရောက် လည်ပတ်ကြသော ဓမ္မစာပေချစ်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ၍ မိမိ၏စိတ်ဆန္ဒ ဘဝနှင့်တစ်ထပ်ထဲကြကာ လိုလားတောင်းတ အပ်သော မဂ်,ဖိုလ် နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်ကြပါစေ