ဦးဇင်းတို
့ငယ်ငယ်တုန်းက ဥပုသ်နေ့ ဆိုလျှင်မိဘများနှင့်ဘုန်းကြီး
ကျောင်းသို
့လိုက်သွားကြ၏။သိမ်နားကိုရောက်လျှင် အမျိုးသမီးတွေ
ကလေးတွေသိမ်ထဲမ၀င်ရ
ငရဲကြီးတက်တဲ့ဟု အဘိုး၊အဖွားတွေက ဆုံးမကြ၏။ထို့ ကြောင့် သိမ်နားကိုရောက်ပြီးဆိုတာနဲ
့ဝေးဝေးကနေ
ရှောင်သွားကြလေ၏။
ထိုအသိသည်ကြီးလာလို
့တောင်တန်းသာသနာပြုဖြစ်သည်အထိ
စွဲနေလေ၏။ဦးဇင်း
ချင်းပြည်နယ်တောင်ပိုင်း ကန်ပတ်လက်မြို့ နယ်၊
ကျင်ဒွေးရွာ၌သာသနာပြုနေစဉ်ဘာသာရေးစိတ်ဝင်စားသောဒကမ

တစ်ဦးကမေးလေ၏။
ဦးဇင်း သိမ်ထဲကို အမျိုးသမီးတွေ
မ၀င်ရဆိုတာဟုတ်သလား
တဲ့။ဦးဇင်းလည်း ဟုတ်ပါတယ် အမျိုးသမီးတွေ သိမ်ထဲကို မ၀င်ရ၊
ဝင်ရင်ငရဲကြီးတက်တယ်လို့ အဘိုး၊အဖွားတွေပြောသောစကားနဲ့ ပဲဖြေ

ကြားခဲ့မိ၏။
ယခု အသက် ၂၈ နှစ်ရှိလာပြီး
ကိုယ်ကတစ်နေ့ ကြရင်
ဘာသာရေးခေါင်းဆောင်ဖြစ်တော့မှာဆိုတော့ ဘုရားဟောစာပေတွေ၊
ဗဟုသုတစာပေတွေအင်တာနက်ကနေရှာရ်ျဖတ်ရပြန်သည်။စာတွေဖတ်

ရင်း၊ဖတ်ရင်းနဲ့အရှင်မဟောသဓဏ္ဍိတ ၁၁-၇-၇၁
ဓမ္မဗျူဟာ (အတွဲ ၉၊အမှတ် ၉။)ရေးတဲ့
မိန်းမနဲ့ သိမ်ဆောင်းပါးကိုဖတ်မိလိုက်၏။ ထို အခါကြမှ သြဟုတ်ပေသားပဲ။ဒို
့ငယ်ငယ်လေးတုန်းကဆရာများရှေ့မှာ
လေးဘက်ထောက်ပြီးစာတွေသင်ခဲ့ရတယ်၊ကျက်ခဲ့ရတယ်။ဒါပေမဲ့
ငယ်ငယ်တုန်းကစာမေးပွဲအောင်အောင်ပဲစာလုပ်ခဲ့ကြတာဆိုတော့
သတိမထားခဲ့မိဘူး။ ခုတော့ဆရာတော်ကြီးရဲ့ကျေးဇူးကြောင့်မိမိ၂၈နှစ်
လုံးလုံးမသိသော
မိန်းမနဲ့ သိမ် ပုစ္ဆာရှင်းသွားလေတော့၏။
ဆရာတော်ကြီးရေးသားထားသည်က-----------
(မှတ်ချက်-
အပြီးအထိဖတ်သွားစေချင်ပါသည် စားရေးသူ ဦးဇင်း)
ပါဠိ လို
''သီမာ'' ကို မြန်မာလို ''သိမ်'' ဟု သုံးစွဲထားခြင်း ဖြစ်၏။ ''သီမာ'' သဒ္ဒါသည်
ပအပိုင်းအခြားအနက်ကို ဟော၏။ ''ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား
သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ်
(ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ
စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ''ဂါမသိမ်'' သည်
အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ
၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍
ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။
ဤသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် လူတို့သည် လင်ယူသားမွေး လုပ်နေကြ၏။ အညစ် အကြေးတို့ကိုလည်း စွန့်ချနေကြသည် မဟုတ်ပါလော။ ယင်းသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် ယောက်ျားတွေချည်းသာ
နေကြသည် မဟုတ်ပါချေ။ ထို့ကြောင့် သိမ်အတွင်း မိန်းမတွေ မဝင်ရဟု အထင်ရောက်နေခြင်းမှာ လုံးဝ လွဲမှားနေခြင်းသာဖြစ်သည်။
ကျောင်းတိုက်များအတွင်းဝယ်
ကျောက်တိုင်များ (သီမန္တရိတ်တိုင်
များ) စိုက်၍ သမုတ်ထားသော (ဗဒ္ဓ)ခဏ္ဍသိမ်မှာလည်း ထိုနည်းပင် ဖြစ်ပါသည်။ ''သိမ်အတွင်း မိန်းမတွေဝင်လျှင် ငရဲကြီးသည်'' ဟု ပြောဆိုထင်မှတ်နေကြခြင်းမှာ ပိုလွန်နေသော လွဲမှားမှုသာ ဖြစ်ချေသည်။
ဥပုသ်ကံစသော ကံကြီးကံငယ်ပြုရာ၌ ကြဉ်ဖယ်ထားရမည့် ပုဂ္ဂိုလ်(ဝဇ္ဇနိယပုဂ္ဂိုလ်)များတွင် လူဝတ်ကြောင်လည်း ပါရှိလေသည်။ လူဝတ်ကြောင်ဟု ဆိုရာ၌ မိန်းမသာမက ယောက်ျားများလည်း ပါဝင်သည်။ ''သိမ်အတွင်း ကံပြုနေချိန်၌ လူဝတ်ကြောင်စသည် မပါဝင်စေရ၊ ကြဉ်ဖယ်ထားရမည်'' ဆိုသော်လည်း သိမ်ထဲတွင် မဝင်ရဟု တားမြစ်ထားခြင်းမျိုးမဟုတ်ပေ။ ကံဆောင်နေသော ရဟန်း သံဃာတော်များနှင့် ဟတ္ထပါသ်(နှစ်တောင့်ထွာ) မဆက်စပ်ဘဲ ဟတ္ထပါသ်(နှစ်တောင့်ထွာ) လွတ်ရာ အရပ်က ရှိနိုင်သည်၊ နေနိုင်
သည်။ထိုသို့ရှိနေခြင်းကြောင့် မည်သည့်ကံမျှ ပျက်ပြားမှုမရှိချေ။ (တေ ဟတ္ထပါသတော ဗဟိကရဏဝသေန ဝဇ္ဇေတဗ္ဗာလူစသော နှစ်ကျိပ်
တယောက်သော ဝဇ္ဇနိယ ပုဂ္ဂိုလ်တို့ကို နှစ်တောင့်ထွာဟတ္ထပါသ်မှအပ
ပြုခြင်းဖြင့် ကြဉ်ဖယ်ထားရမည်။ ။ ကင်္ခါဝိတရဏီအဋ္ဌကထာ)။

''နှစ်တောင့်ထွာ အတွင်းသာ မရှိစေရ''
ဟူသော မိန့်မှာချက်ကို သဘောမမူဘဲ အချို့ရဟန်း များသည် ရဟန်းခံ(ဥပသမ္ပကံဆောင်)
ရာ၌ မိန်းမများကိုသာမက ယောက်ျားများကိုပါ မာန်မဲ၍ သိမ် အတွင်းမှ
မောင်းထုတ် တတ်ကြလေသည်။ ဤသို့ လူတို့ကို သိမ်အတွင်းမှ
မောင်းထုတ်ခြင်းသည် စာရှိထက် ပိုလွန်ခြင်းသာတည်း-ဟု ဧကန် မှတ်ရပေမည်။ ယင်းသို့ တတ်ယောင်ကားဖြင့် အချို့ရဟန်းများ ''လူတတ်-လူစွာ'' လုပ်ခြင်းကြောင့်ပင် ''သိမ်အတွင်း မိန်းမ မဝင်ရ မဝင်ကောင်း'' ဟူသော အစွဲသည် ပြန့်နှံ့နေခြင်း ဖြစ်ပေသည်။

ဆရာတော်ကြီးရေးသားထားသောဆောင်းပါးကိုထောက်ရ်ျ
အမျိုးသမီးများသိမ်ထဲမ၀င်ရဟူသောစကားမှာ
ဘုရားရှင်ဟောထား
သောစကားမဟုတ် လူတက်၊လူစွာများကြောင့် ဆိုတာသိသာလောက်

ပါပြီး။
ထိုပြင် အခြားဘာသာများသည်အမျိုးသမီးများကိုဆက်ဆံ
ရာတွင်နိမ့်ချစွာဆက်ဆံလေ့ရှိ၏။ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ထိုသို့ မဟုတ်။အဘယ်ကြောင့်ဆိုသောဘုရားရှင်ကိုယ်တော်မြတ်ကြီးက အမျိုးသမီးများကိုလေးစားစွာဆက်ဆံကြောင်းကို ပါဠိစာပေမှာအ
ထောက်အထားများစွာရှိလေ၏။အနည်းငယ်ရှင်းပြပါအံ့----------

ကောသလမင်းကြီးသည် တစ်နေ့သောအခါ
ဗုဒ္ဓရှင်တော်
အထံသို့ ရောက်လာခဲ့သည်၊၊ ဗုဒ္ဓနှင့် စကားပြောနေစဉ် အမတ်တစ်ဦး
ရောက်လာပြီး၊ ကောသလရှင်ဘုရင်ကို နားနားကပ်၍တီးတိုး လျောက်
တင်လိုက်သည်၊၊ မင်းကြီးသည် သတင်းစကားကို ကြားလိုက်ရသော
အခါ မျက်နှာမသာ မယာဖြစ်သွားသည်၊၊ ဗုဒ္ဓရှင်တော်မှမင်းကြီးဘယ်လို
ကြောင့် မျက်နှာမသာမယာဖြစ်သွားရသနည်းဟု မေးသောအခါ၊ မိဖုရားခေါင်ကြီး မလ္လိကာ ဒေ၀ီမှ သမီးမိန်းကလေးဖွားမြင်ကြောင်း သိလိုက်ရသောကြောင့် စိတ်နှလုံးမသယာမယာ ဖြစ်ရပါသည်ဟု
လျောက်တင်လေသည်၊၊
မင်းကြီး အင်္ဂါ(၄)မျိုးနှင့်ပြည့်စုံလျင် အမျိုးသ္မီးသည်အမျိုးသားနှင့်
တန်းတူ မြင့်မြတ်သူဖြစ်သည်ဟု ညွှန်ပြလိုက်ပါသည်၊၊ မြင့်မြတ်သည့် အမျိုးသ္မီး တို့၌ရှိသည့် အင်္ဂါလေးမျိုးမှာ--
(၁) ပညာတတ်ခြင်း၊
(၂) ကိုယ်ကျင့်တရား ကောင်းခြင်း၊
(၃) နှစ်ဘက်မိဘကို ရိုသေတတ်ခြင်း၊
(၄) လင်သားအပေါ် အမျိုးသမီးတာဝန်ကျေပွန်ခြင်း၊ တို့ဖြစ်သည်၊၊
ဤအင်္ဂါလေးမျိုးတိုးတက်အောင် ညွန်ပြသွန်သင်ပြီး၊ သမီးမိန်းကလေးများကို ကောင်းစွာနေရာပေးသင့်သည်ဟု ဗုဒ္ဓရှင်တော်မှ ကောသ လမင်းကြီးအား မိန့်တော်မူပါသည်၊၊
ဖော်ပြသည့် ဇာတ်လမ်းကိုသုံးသပ်ကြည့်လျင် ဗုဒ္ဓဘာသာ၌ အမျိုးသ္မီးအမျိုးသား ခွဲခြားမှုမရှိ၊ကိုယ်ကျင့်တရားနှင့်အသိညာဏ်အပေါ်

အခြေခံ၍
အမျိုးသ္မီးများကို ကောင်းမွန်စွာဆက်ဆံ၊ နေရာပေးထား
သည်ကိုလေ့လာရရှိနိုင်သည်၊၊
သည်ကိုလေ့လာရရှိနိုင်သည်၊၊
ဘာသာရေးကျင့်ဝတ်များ၊
ကုသိုလ်လုပ်ငန်းများကို အမျိုး
သ္မီးတို့ကိုယ်တိုင်ပြုလုပ်ခွင့်မရသော ကမ္ဘာ့ ဘာသာပေါင်း များစွာရှိပါ
သည်၊၊ ဗုဒ္ဓဘာသာ တွင်မူ အမျိုးသ္မီးများသည် သက်တော်ထင်ရှား ဗုဒ္ဓ
ကိုယ် တော်တိုင်ကိုပင်လျင် ဆွမ်းဆက်ကပ်ခွင့်၊ ရင်းနှီးစွာနေထိုင်ခွင့်
ကို ရရှိပါသည်၊၊ ၀ိသာခါ ကျောင်း အမကြီးနှင့် ဗုဒ္ဓရှင်တော်တို့သည် အမျိုးသ္မီးတို့၏အတွင်းရေးများကို အခါအားလျော်စွာ ဆွေးနွေးလေ့
ရှိ ကြောင်း “၀ိနယပိဋက”တွင် ဖော်ပြ ပါသည်၊၊
“နကုလမာတာ+နကုလပိတာ”ဇနီးမောင်နှံတို့သည် မြတ် စွာဘုရားကို ပထမဆုံးအကြိမ် တွေ့လျင်တွေ့ခြင်း မြတ်စွာဘုရား ရှင်အား သာမန်
ရင်းနှီးသူများကိုကဲ့သို့ ဖက်လှဲတကင်း နှုတ်ဆက်သမှု၊ ပြုကြသည်ဟု
ဖော်ပြထားပါ သည်၊၊
ထိုဇနီးမောင်နှံကို မြတ်စွာဘုရားရှင်မှ အပြစ်တစ်စုံတရာ မတင်သည့်
အပြင် “ဤဇနီးမောင်နှံသည် ငါဘုရားရှင်နှင့် ရင်းနှီးသူများအထဲတွင် အရင်းနှီးဆုံးသူများဖြစ်သည်ဟု ဧတဒဂ်ဘွဲ့ထူး”ကိုပင် ပေးအပ်တော်
မူပါသည်၊၊

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် အမျိုးသား
မြောက်များစွာကို သာ ဧတဒဂ်ဘွဲထူးပေးခဲ့သည်မဟုတ်။ အမျိုးသမီး

များကို လည်း “ထူးချွန်သည့်
အကြောင်းအရာ”အလိုက်ဆုများအပ်နှင်း
၍အသိအမှတ်ပြုတော်မူခဲ့သည်..။ဧတဒဂ်ရရဟန်းမအပ်နှင်းရာတွင်မီး

ထွေးတော်ဂေါတမီထေရီ၊ခေမာထေရီ၊ဥပ္ပလ၀ဏ်ထေရီ၊ပဋာစရီထေရီစ
သည်အားဖြင့်
ဧတဒဂ်ရ ရဟန်းမ (၁၃) ပါး၊
ဧတဒဂ်ရ
အမျိုးသမီး( ၁၀) ယောက်အပ်နှင်းရာတွင်
“အဦးဆုံး အရင်ဆုံး
သရဏဂုံတည်သူ..”ဘွဲ့ ကို
“သုဇာတာသူဋ္ဌေးသမီး”
“သာသနာတော်အတွက် အလှူဒါန်းဆုံး..”ဘွဲ့ကို
“၀ိသာခါကျောင်းအမကြီး”
“အကြားအမြင်ဗဟုသုတများသူ..” ဘွဲ့ကို
“ခုဇ္ဇုတ္တရာကျွန်မ”
“ မေတ္တာဖြင့်နေလေ့ရှိသူ..”ဘွဲ့ကို
“သာမာဝတီ မိဖုရား”
“ဈာန်ဝင်စားပြီးနေလေ့ရှိသူ..”ဘွဲ့ကို
“ နန္ဒမာတာဥတ္တရာ”နှင့်
“
မွန်မွန်မြတ်မြတ်ပေးလှူဒါန်းသည့်နေရာတွင် အထူးချွန်ဆုံး အမျိုးသမီး”ဆုကို“သုပ္ပ၀ါသာ အမျိုးသမီး..”စသည်အားဖြင့်
၁၀ ပါး
တို့ ကိုအသီးသီး ဘွဲ့တံဆိပ်များ အပ်နှင်း၍
ထူးချွန်သည့်အမျိုးသမီး
များဖြစ်ကြောင်းသံဃာအလယ်ပရိသတ်အလယ်တွင်ဗုဒ္ဓမြတ်စွာဘုရား

ကိုယ်တိုင်
အသိအမှတ်ပြု ကြေငြာတော်မူခဲ့သည်..။(သုခမှတ်စု နှာ ၃၂၀ ကြည့်လေ)
ဤသာဓကကိုထောက်လျှင်
ဘုရားရှင်ကိုယ်တော်မြတ်
ကြီးသည်အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူထားကြောင့်သိ

သာထင်ရှားလှပေသည်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကပိလ၀တ်နေပြည်တော်ကိုပြန်
လာသောအခါ
ယသော်ဓရာမင်းသမီးက ဘုရား၏ခြေထောက်ကိုဖက်ရ်ျ
ငိုသည်ကိုထောက်ပြီးအမျိုးသမီးများ
ဘုရားပေါ်မတက်ရဆိုတာမဖြစ်
ကောင်းပါဟုဆရာတော်ကြီးတစ်ပါးဟောထားသည်ကိုလည်းကြားဖူးပါ၏။

ဤသာဓကတို့ ကိုထောက်ဆ၍
ယနေ့ခေတ်အခါတွင်တချို့ သော
စေတီ၊သိမ်၊ ကျောင်း၊ ဘုရား များအပေါ်သို့ အမျိုးသမီးမတက်ရ၊ မကိုင်တွယ်ရ၊ မထိရ၊ မတက်ရဆိုသောအယူအဆများမှာဘုရားရှင်
လက်ထက်က မရှိ၊ဘုရားရှင်လည်းမဟောခဲ့ပေ။နှောင်းခေတ်များမှာ ဖြစ်ပေါ်လာသောအယူအဆများသာ ဖြစ်လေသည်၊၊

သိမ်ထဲကိုအမျိုးသမီးတွေ မ၀င်ရဟု
မည်သူသတ်မှတ်ခဲ့တာ
လဲဆိုတာကတော့ဦးဇင်းလည်းမသိပေ။သိမ်များ၏အဦးဆုံးဒါယကာများကပဲ
သူတို့၏ ဘုရား ကျောင်း သိမ်များအပေါ် အမျိုးသမီးများ
မတက်ရသတ်မှတ်
ထားခဲ့သလား၊ ဒါမှမဟုတ်ဗုဒ္ဓဘာသာလူမျိုးများက ကျောင်းထဲတွင်
အမြတ်ဆုံး သိမ်တို့ကို အလွန်အလေးထားကြသည်၊ ထိုကြောင့်
ဘုရားရှင်၏သားတော်များမွေးဖွားပေးရာကျောင်းဖြစ်နေသောကြောင့်
ကြည်ညိုလွန်း၍ဒီစည်းကမ်းကိုသတ်မှတ်ခဲ့လေသလားဆိုတာ
ကာယကံရှင်ကိုယ်တိုင်မှသိပါလိမ့်မည်။
ထို
့သို့ မဟုတ်လူတက်၊လူစွာလုပ်ချင်သောကြောင့် သိမ်ထဲကိုအမျိုးသမီးတွေမ၀င်ရတားမြစ်လာရင်တော့ ဘုရားလက်
ထက်ကတောင်အမျိုးသမီးများသိမ်ထဲမှာ နေခွင့်ပြုသေးတယ်ဆိုရင်
ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမ၀င်ရဟုသောတားမြစ်ချက်
သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်လေသည်။

အချုပ်အားဖြင့်ဆိုရသော်အမျိုးသမီးများသိမ်ထဲ ၀င်ခြင်းကြောင့် ဘာမှ မဖြစ်ပါ။
သို့ သော် စိတ်သာရှင်စော ဘုရားဟောဆိုတဲ့အတိုင်း
သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ်
ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီး
ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ၀င်ရင်၊ သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်
တွေ ရမှာအမှန်ပင် ဖြစ်ပါသည်ဆိုတဲ့အကြောင်းတင်ပြလိုက်ရပါသည်။

မှန်ကန်သာဓမ္မအသိ၊မှန်ကန်သောဓမ္မအမြင်များပိုင်ဆိုင်ကြပြီး
လက်တွေ
့ကျင့်ကြံ အားထုတ်နိုင်ကြပါစေ။
အရှင်ဝိစက္ခဏ(နတ်မောက်)
No comments:
Post a Comment