Saturday, 13 October 2012

သူလို မိန်းကလေး



 ကိုယ်မလိုချင်တာ သူများကို လုံးဝမပေးပါနှင့်
 ကိုယ်လိုချင်တာ သူများကို အကုန်လုံးပေးပါ။
 ကိုယ်ပေးတဲ့အတိုင်း ကိုယ်ပြန်ရလိမ့်မယ်။
     ( တောရဆရာတော်ကြီး)

                 ပေးကမ်းခြင်ကို ဘာသာတိုင်းမှာ တွေ့ နိုင်ပါတယ်။
ပေးကမ်းခြင်းကိုပဲဒါနလို့ လည်ပြောပါတယ်။Generosity or Charity လို့ လည်းပြောပါတယ်ဘယ်လိုပဲပြောပြော ဒါတွေက အခေါ်အဝေါတွေ
ပဲ မဟုတ်လား။တစ်ကယ်တမ်းကိုယ်နားလည်ရမှာက ကိုယ်ရဲ့လော
ဘကို ငြိမ်းအောင်နည်းသတက်နည်း အောင် လုပ်နေတာပါပဲ။

ပေးကမ်းတဲ့နေရာမှာတစ်ချို့ က ကိုယ်မလိုချင်တာကိုပေးကြပါတယ်။

ဒါကို ပါဠိလို့ ဟီန ဒါနလို့ ခေါ်ပါတယ်။ယုတ်ညံ့တဲ့ပေးကမ်းမှု့ လို့ ခေါ်
တာပေါ့။
တစ်ချို့ ကကိုယ်သုံးဆောင်တဲ့အတိုင်းပဲ ပေးလှူပါတယ်။ဒါကို မဇ္ဈိမ-
အလယ်အလတ်ပေးခြင်းလို့ ခေါ်ပါတယ်။

တစ်ချို့ ကကိုယ်အမြတ်နိုးဆုံး နဲ့ မွန်မွန်မြတ်မြတ်ထားတာကို
ပေးလှူပါတယ်။ဒါကို ပဏီတ-မွန်မြတ်တဲ့ ပေးကမ်းခြင်းလို့ 

 ခေါ်ပါတယ်။

မွန်မြတ်တဲ့ပေးကမ်းခြင်းကို သိအောင် ဥမ္မဒန္တီ ဇာတ်လမ်းလေးကို
ပြောပါရစေ။ ဥမ္မဒန္တီ လေး သုံးနှစ် သုံးမိုးလုံးလုံးကျွန်ခံပြီးတော့မှ

 ရလာတဲ့ အ၀တ်ပိုင်းစလေး မိမိအမြတ်နိုးဆုံးဖြစ်တဲ့ အ၀တ်
ပိုင်းစလေး သင်္ကန်မရှိတဲ့ရဟန်းတော်လေးလှူလိုက်ပါတယ်။ဒါကို မွန်မြတ်တဲ့ ဒါန လို့ ခေါ်ပါတယ်။ဒါ ထင်သာမြင်သာတဲ့ ဥပမာပြ

တာပါ။

ယနေ့ ခေတ်မှာလည်း ပဏီတ ဒါနပြုလုပ်တဲ့ သူတွေရှိပါတယ်။
ဦးဇင်းတို့ ကြားဖူးတဲ့ တောရွာဘက်က အမျိုးသမီးလေးတစ်ယောက်

ဆိုရင်
မြို့ ပေါ်တက်ပြီး သူများအိမ်မှာအိမ်စေ လုပ်ပြီး ရလာတဲ့ငွေလေးတွေနဲ့ 
သံဃာတော်အရှင်မြတ်တွေအိမ် မှာပင်ပြီး သူ့ အမေအတွက်ရည်စူးပြီး
တရားနာတယ်တဲ့။
ဒါတွေဟာ အတုယူစရာ ချိးကျူးစရာကောင်းတဲ့ စိတ်ထားတွေပါ။
သူများတွေလုပ်နိုင်ခဲ့တဲ့ အရာတွေကို သူတို့ လုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဦးဇင်း ဆန္ဒပြုလိုက်ပါတယ်။ဥမ္မာဒန္တီလို့ စိတ်ထားလှတဲ့ 

အမျိုးသမီးတွေ များများပေါ်ပါစေလို့ (အမျိုးသားတွေ လည်းပါ ပါ
တယ်နော်-P )ကိုယ် အမွန်မြတ်ဆုံးဒါနတွေကို လုပ်နေပြီးဆိုရင်လည်း
ငါဟာ ဥမ္မဒန္တီလို ကုသိုလ်ကောင်းမှု့ တွေလုပ်နိုင်ပြီးလို့ ဝမ်းသာနိုင်

ပါတယ်။

ဒါပေမဲ့ သတိတော့ပေးလိုက်မယ် ဥမ္မာဒန္တီလေးလို့ တော့ ဆုတောင်း 

မမှားမိစေနဲ့ နော်။ဝဋ်ကင်းပြတ်ရာ နိဗ္ဗာန်ကို သာ အာရုံပြုပါ။

သတ္တ၀ါ ခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။ ။
အရှင်ဝိစက္ခဏ (မဟာလယ်တီ)

No comments:

Post a Comment

မြင့်မြတ်သောစိတ်ထားသို့ လာရောက် လည်ပတ်ကြသော ဓမ္မစာပေချစ်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ၍ မိမိ၏စိတ်ဆန္ဒ ဘဝနှင့်တစ်ထပ်ထဲကြကာ လိုလားတောင်းတ အပ်သော မဂ်,ဖိုလ် နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်ကြပါစေ