(လူလောကမှာ ချစ်တယ် ချစ်တယ်ဆိုတာအကြောင်းပြချက် မရှိပါဘူး
ရဟန်းလောကမှာတော့ကြည်ညိုတယ်ဆိုတာ အကြောင်းပြချက်ရှိပါ
တယ်)
တစ်နေ့ မန္တလေးမစိုးရိမ်းဆရာတော်ကြီးထံဒကာတစ်ယောက်
ရောက်လာတယ်။ဒကာကြီးက ဆရာတော်ကို လျှောက်တယ်။
ဆရာတော်ဘုရား တပည့်တော်က အခုခေတ်ကိုယ်တော်လေးတွေ
မကြည်ညိုဘူးဘုရား၊ရှေးဆရာတော်ကြီးတွေမှ ကြည်ညိုတာ တဲ့။
ဆရာတော်ကြီးက ဘာလို့ တုန်း ဒကာကြီးလို့ မေးလိုက်တဲ့အခါ
ဒကာကြီးကပြန်လျှောက်ပါတယ်။
အခုခေတ်ကိုယ်တော်လေးတွေက ဘောလုံးကန်တယ်ဘုရား၊အတွဲ
ချောင်းတယ်ဘုရား၊လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်ဘုရား၊လမ်းသွားရင်
လည်း တောင်ကြည့်
မြောက်ကြည့်နဲ့ ဘုရား ၀ိနည်းကို မလေးစားကြ
တော့ဘူး တဲ့။
ဒီတော့ဆရာတော်ကြီးကပြုံးပြီး ပြန်အမိန့် ရှိလိုက်ပါတယ်။
ဒီတော့ဆရာတော်ကြီးကပြုံးပြီး ပြန်အမိန့် ရှိလိုက်ပါတယ်။
ဒကာကြီး ဆန္ဒန်ဆင်မင်းဇာတ်ဖတ်ဖူးလား တဲ့။
ဖတ်ဖူးပါတယ်ဘုရား
ဆန္ဒန်ဆင်မင်းသူ့ အစွယ်ကို လာဖြတ်တဲ့မုဆိုး ဘာလို့ မသက်တာလဲ
တဲ့။
သင်္ကန်းမြင်လို့ ပါဘုရား၊
အေး ဒကာကြီး တိရိစ္ဆန်ဖြစ်တဲ့ ဆန္ဒန်ဆင်မင်းတောင်သူ့ အစွယ်လာချိုး
တဲ့မုဆိုးကိုသင်္ကန်းမြင်လိုက်တာနဲ့ မသက်ဘဲနေသေးတာ ဒကာကြီးက
အသိဥာဏ်ရှိတဲ့လူပဲ တိရိစ္ဆန်ထက် မမိုက်ခြင်စမ်းပါနဲ့ တဲ့။
အမည်မသိတဲ့ဆရာတော်ကြီးတစ်ပါးက
ဒီဒကာကြီးနဲ့ ဆန်ကျင်ဖက်တွေးတယ်လို
့ပဲပြောရမလားအကောင်းမြင်
ဝါဒနဲ့ တွေးတယ်လို့ ပဲပြောရမလား မသိပါဘူး။ဆရာတော်ကြီးက--
ကြည့်ချင်တာတွေကြည့်လို့ ရတဲ့ခေတ်ကြီးထဲမှာဒီကိုယ်တော်လေးတွေ
လူမထွက်တာကိုပဲ ဒိုကကြည့်ညိုနေမိပြီး တဲ့။
ကြည်ညိုတာနဲ့ ပတ်သက်လို့ အရှင်ဆန္ဒာဓိက အကြင်နာပေါင်းရှစ်
သောင်းလေးထောင်စာအုပ်ထဲမှာ -------
လူလောကမှာ ချစ်တယ် ချစ်တယ်ဆိုတာအကြောင်းပြချက် မရှိပါဘူး
ရဟန်းလောကမှာတော့ကြည်ညိုတယ်ဆိုတာ အကြောင်းပြချက်ရှိပါ
တယ်။
ကြည်ညိုတယ်ဆိုတာ
သူ့ ရဲ့ သီလ၊ သမာဓိ၊ပညာကိုကြည်ညို
တာပါ။အထူးသဖြင့် ထင်သာမြင်သာတဲ့သီလပေါ့။ အမှားတစ်ခုခု
လုပ်မိသွားရင်ဒီကိုယ်တော်အလကားပါ အပြောကတစ်ခြား အလုပ်က
တစ်ခြားပါနဲ့ ပြောကြတယ်။
ရဟန်းတစ်ပါး အမှားလုပ်မိတယ် အမှားပြောမိတယ်ဆို တာ တစ်ခါတစ်
ရံ
ကိလေသာဖြစ်သွားတာပါ။လူဝတ်ကြောင့်တွေလို့ အမြဲတမ်းထပ်တူ
ဖြစ်နေတာတော့ မဟုတ်ပါဘူး။
နောက်ပြီး ရဟန္တာတွေလည်းမဟုတ်သေးပါဘူး။ကုန်ကုန်ပြောရရင်
ရဟန္တတွေဖြစ်ရင်တော်မှဝါသနာနဲ့ အကျင့်စရိုက်က ရဟန္တာဖြစ်တဲ့
အထိ ကျန်နေပါသေးတယ်လို့ ဖတ်ဖူးပါတယ်။
ဒို့ ကတော့ ဘယ်သူတွေဘာပဲပြောပြော သီလ သမာဓီ ပညာနဲ့ 
ပြည့်စုံတဲ့သူတွေမှ
လှူချင်တယ်ဆိုလိုရှိရင်ဘုရားရှင်ကိုယ်တော်မြတ်
ဘုရားမဖြစ်ခင်က အလှူခံ ပုဏ္ဍားကို
မျက်လုံးဖောက်လှူခဲ့တယ်။
နောက်ပြီး စူဇကားပုဏ္ဍားကို သားတွေ သမီးတွေလှူခဲ့တာတွေဟာ
သီလ သမာဓိကိုကြည့်ပြီးလှူခဲ့တာမဟုတ်ပါဘူး။တစ်ကယ်လိုအပ်တဲ့
နေရာကို ကြည့်ပြီးလှူခဲ့တာပါ။
(သီလ
သမာဓိ ရှိတဲ့သူကို မလှူရဘူးလို့ ပြာတာမဟုတ်ပါ။တစ်ကယ်လို
အပ်တဲ့နေရာမှလှူတက်ဖို့ ပြောတာပါ။)
တစ်ကယ်တမ်း သေသေချာချာတွေးကြည့်ရင်မိမိတို့ မြတ်စွာဘုရား
တရားတော်တွေသိနေတာ သစ္စာလေးပါးတရားတွေသိတာ သံဃာ
တော်အရှင်မြတ်တွေ ကျေးဇူးကြောင့်ပါ။ဘာလို့ လည်းဆိုရင် အတိတ်
က သာသနာ့သမိုင်းကနေ ဒီနေ့ အချိန်အထိ ဘုရားရဲ့တရားတော်တွေ
ဘယ်သူတွေ သယ်လာတာလဲဆိုတာ ကြည့်ရင် သိနိုင်ပါတယ်။
မြတ်စွာဘုရားရဲ့တရားတော်တွေကို သံဃာတော်အရှင်မြတ်
တွေတတိယသဂါယနာတင်တဲ့အထိ
အာဂုံဆောင်လာခဲ့ရတာပါ။
ဝဋဂါမဏိမင်းလက်ထက် သူပုန်ဘေးကြီးဖြစ်တယ်အခါတစ်တိုင်းပြည်
လုံး ကပ်ဆိုက်ပြီးဘေးဒုက္ခရောက်ကြပါတယ်။ဘုရားရဲ့တရားတော်တွေ
မပျောက်ပျက်အောင် တစ်ချိုရဟန်းတော်တွေက
ဗိုက်ပေါ်သဲတင်ပြီး
စာကျက်ခဲ့ရတယ်။တစ်ချို့ ရဟန်းတော်တွေက သစ်ဥသစ်ဖုတွေစားပြီး
အာဂုံဆောင်ခဲ့ရပါတယ်။
(၁၂)နှစ်ကြာ သူပုန်ဘေးကြီးပြီးတဲ့အခါမှ ရဟန်းတော်တွေဖက်က
အရှင်မဟာဓမ္မရက္ခိတမထေရ်ဦးဆောင်၊လူတွေဖက်က ၀ဋဂါမဏိမင်း
ဦးဆောင်ပြီးစတုတ္ထသင်္ဂါယနာတင်ခဲ့ကြတယ်။ဒီသင်္ဂါယနာတင်ပွဲမှာ
ထူးခြားချက်က ဘုရားရဲ့တရားတော်တွေ နောက်တစ်ခါ ဘေးကြီး
ကြုံရင် မပျောက်ပျက်အောင်
ပေရွက်ပေါ်မှာရေးပြီးပေထက်အက္ခရာ
တင်ခြင်းဖြစ်ပါတယ်။
အဲဒီအချိန်ကနေစပြီး သံဃာတော်အရှင်အမြတ်တွေ မြတ်စွာဘု
ရားတရားတော်တွေကို လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြပါတယ်။
ယနေ့ ခေတ်ဆိုရင်မစိုးရိမ်း၊ ဘုရားကြီး၊ဂန္ဓာရုံ၊ညောင်တုန်း၊ရွာမပရိယ
တ္တိစာသင်တိုက်၊လယ်တီအစရှိတဲ့စာသင်တိုက်ကြီးတွေ နောက်ပြီး
ခေတ်မီနည်းစနစ်နဲ့ သင်ကြားပေးတဲ့ သံဃတက္ကသိုလ်တွေ တည်
ထောင်ပြီး ဘုရားရဲ့တရားတော်တွေကို မိုးရွာမရှောင် နေပူမရှောင်
ဆရာရော တပည့်ရောအားသွန်းခွန်စိုက်ကြိုးစားသင်ယူနေကြပါတယ်
ဒီလို့ ဘာလို့ ကြိုးစားသင်နေတာလဲဆိုရင်မအို၊မနာ၊
မသေတဲ့တရားတွေ၊လောဘ၊ဒေါသ၊မောဟတွေကြီးစိုးနေတဲ့အမှောင်
လောကကြီးကို ထွန်းလင်းစေတဲ့ မြတ်ဗုဒ္ဓရဲ့သစ္စာအလင်းတန်းတရား
တွေ ဒို့ ဒကာ ဒကာမတွေ သိစေချင်လို့ ပါ။
ဒီလို့ ဘာလို့ ကြိုးစားသင်နေတာလဲဆိုရင်မအို၊မနာ၊
မသေတဲ့တရားတွေ၊လောဘ၊ဒေါသ၊မောဟတွေကြီးစိုးနေတဲ့အမှောင်
လောကကြီးကို ထွန်းလင်းစေတဲ့ မြတ်ဗုဒ္ဓရဲ့သစ္စာအလင်းတန်းတရား
တွေ ဒို့ ဒကာ ဒကာမတွေ သိစေချင်လို့ ပါ။
ဒါကြောင့် ဒို့ ဒကာ ဒကာမတွေ သံဃတော်အရှင်မြတ်တွေကို
ကြည်ညိုတက်ကြပါစေ။
ကြည်ညိုတက်ကြပါစေ။
သတ္တ၀ါ ခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
အရှင်ဝိစက္ခဏ(မဟာလယ်တီ)