Wednesday, 7 November 2012

ကြည်ညိုတက်ကြပါစေ



(လူလောကမှာ ချစ်တယ် ချစ်တယ်ဆိုတာအကြောင်းပြချက် မရှိပါဘူး ရဟန်းလောကမှာတော့ကြည်ညိုတယ်ဆိုတာ အကြောင်းပြချက်ရှိပါ
တယ်)


               တစ်နေ့ မန္တလေးမစိုးရိမ်းဆရာတော်ကြီးထံဒကာတစ်ယောက်

 ရောက်လာတယ်။ဒကာကြီးက ဆရာတော်ကို လျှောက်တယ်။ 

ဆရာတော်ဘုရား တပည့်တော်က အခုခေတ်ကိုယ်တော်လေးတွေ

မကြည်ညိုဘူးဘုရား၊ရှေးဆရာတော်ကြီးတွေမှ ကြည်ညိုတာ တဲ့။

ဆရာတော်ကြီးက ဘာလို့ တုန်း ဒကာကြီးလို့ မေးလိုက်တဲ့အခါ 

ဒကာကြီးကပြန်လျှောက်ပါတယ်။

အခုခေတ်ကိုယ်တော်လေးတွေက ဘောလုံးကန်တယ်ဘုရား၊အတွဲ

ချောင်းတယ်ဘုရား၊လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်ဘုရား၊လမ်းသွားရင်

လည်း တောင်ကြည့် မြောက်ကြည့်နဲ့ ဘုရား ၀ိနည်းကို မလေးစားကြ

တော့ဘူး တဲ့။

ဒီတော့ဆရာတော်ကြီးကပြုံးပြီး ပြန်အမိန့် ရှိလိုက်ပါတယ်။

 ဒကာကြီး ဆန္ဒန်ဆင်မင်းဇာတ်ဖတ်ဖူးလား တဲ့။

 ဖတ်ဖူးပါတယ်ဘုရား

ဆန္ဒန်ဆင်မင်းသူ့ အစွယ်ကို လာဖြတ်တဲ့မုဆိုး ဘာလို့ မသက်တာလဲ တဲ့။
သင်္ကန်းမြင်လို့ ပါဘုရား၊

အေး ဒကာကြီး တိရိစ္ဆန်ဖြစ်တဲ့ ဆန္ဒန်ဆင်မင်းတောင်သူ့ အစွယ်လာချိုး

တဲ့မုဆိုးကိုသင်္ကန်းမြင်လိုက်တာနဲ့ မသက်ဘဲနေသေးတာ ဒကာကြီးက 

အသိဥာဏ်ရှိတဲ့လူပဲ တိရိစ္ဆန်ထက် မမိုက်ခြင်စမ်းပါနဲ့ တဲ့။

အမည်မသိတဲ့ဆရာတော်ကြီးတစ်ပါးက 

ဒီဒကာကြီးနဲ့ ဆန်ကျင်ဖက်တွေးတယ်လို့ ပဲပြောရမလားအကောင်းမြင်

ဝါဒနဲ့ တွေးတယ်လို့ ပဲပြောရမလား မသိပါဘူး။ဆရာတော်ကြီးက--

ကြည့်ချင်တာတွေကြည့်လို့ ရတဲ့ခေတ်ကြီးထဲမှာဒီကိုယ်တော်လေးတွေ 

လူမထွက်တာကိုပဲ ဒိုကကြည့်ညိုနေမိပြီး တဲ့။

ကြည်ညိုတာနဲ့ ပတ်သက်လို့ အရှင်ဆန္ဒာဓိက အကြင်နာပေါင်းရှစ်

သောင်းလေးထောင်စာအုပ်ထဲမှာ -------

လူလောကမှာ ချစ်တယ် ချစ်တယ်ဆိုတာအကြောင်းပြချက် မရှိပါဘူး 

ရဟန်းလောကမှာတော့ကြည်ညိုတယ်ဆိုတာ အကြောင်းပြချက်ရှိပါ
တယ်။
      ကြည်ညိုတယ်ဆိုတာ သူ့ ရဲ့ သီလ၊ သမာဓိ၊ပညာကိုကြည်ညို

တာပါ။အထူးသဖြင့် ထင်သာမြင်သာတဲ့သီလပေါ့။ အမှားတစ်ခုခု 

လုပ်မိသွားရင်ဒီကိုယ်တော်အလကားပါ အပြောကတစ်ခြား အလုပ်က

တစ်ခြားပါနဲ့ ပြောကြတယ်။

ရဟန်းတစ်ပါး အမှားလုပ်မိတယ် အမှားပြောမိတယ်ဆို တာ တစ်ခါတစ်

ရံ ကိလေသာဖြစ်သွားတာပါ။လူဝတ်ကြောင့်တွေလို့ အမြဲတမ်းထပ်တူ

ဖြစ်နေတာတော့ မဟုတ်ပါဘူး။

နောက်ပြီး ရဟန္တာတွေလည်းမဟုတ်သေးပါဘူး။ကုန်ကုန်ပြောရရင် 

ရဟန္တတွေဖြစ်ရင်တော်မှဝါသနာနဲ့ အကျင့်စရိုက်က ရဟန္တာဖြစ်တဲ့

အထိ ကျန်နေပါသေးတယ်လို့ ဖတ်ဖူးပါတယ်။

ဒို့ ကတော့ ဘယ်သူတွေဘာပဲပြောပြော သီလ သမာဓီ ပညာနဲ့ 

ပြည့်စုံတဲ့သူတွေမှ လှူချင်တယ်ဆိုလိုရှိရင်ဘုရားရှင်ကိုယ်တော်မြတ်

 ဘုရားမဖြစ်ခင်က အလှူခံ ပုဏ္ဍားကို မျက်လုံးဖောက်လှူခဲ့တယ်။

နောက်ပြီး စူဇကားပုဏ္ဍားကို သားတွေ သမီးတွေလှူခဲ့တာတွေဟာ 

သီလ သမာဓိကိုကြည့်ပြီးလှူခဲ့တာမဟုတ်ပါဘူး။တစ်ကယ်လိုအပ်တဲ့

နေရာကို ကြည့်ပြီးလှူခဲ့တာပါ။


(သီလ သမာဓိ ရှိတဲ့သူကို မလှူရဘူးလို့ ပြာတာမဟုတ်ပါ။တစ်ကယ်လို
အပ်တဲ့နေရာမှလှူတက်ဖို့ ပြောတာပါ။)

     တစ်ကယ်တမ်း သေသေချာချာတွေးကြည့်ရင်မိမိတို့ မြတ်စွာဘုရား

တရားတော်တွေသိနေတာ သစ္စာလေးပါးတရားတွေသိတာ သံဃာ

တော်အရှင်မြတ်တွေ ကျေးဇူးကြောင့်ပါ။ဘာလို့ လည်းဆိုရင် အတိတ်

က သာသနာ့သမိုင်းကနေ ဒီနေ့ အချိန်အထိ ဘုရားရဲ့တရားတော်တွေ

ဘယ်သူတွေ သယ်လာတာလဲဆိုတာ ကြည့်ရင် သိနိုင်ပါတယ်။

            မြတ်စွာဘုရားရဲ့တရားတော်တွေကို သံဃာတော်အရှင်မြတ်

 တွေတတိယသဂါယနာတင်တဲ့အထိ အာဂုံဆောင်လာခဲ့ရတာပါ။

ဝဋဂါမဏိမင်းလက်ထက် သူပုန်ဘေးကြီးဖြစ်တယ်အခါတစ်တိုင်းပြည်

လုံး ကပ်ဆိုက်ပြီးဘေးဒုက္ခရောက်ကြပါတယ်။ဘုရားရဲ့တရားတော်တွေ

မပျောက်ပျက်အောင် တစ်ချိုရဟန်းတော်တွေက ဗိုက်ပေါ်သဲတင်ပြီး

စာကျက်ခဲ့ရတယ်။တစ်ချို့ ရဟန်းတော်တွေက သစ်ဥသစ်ဖုတွေစားပြီး

အာဂုံဆောင်ခဲ့ရပါတယ်။

(၁၂)နှစ်ကြာ သူပုန်ဘေးကြီးပြီးတဲ့အခါမှ ရဟန်းတော်တွေဖက်က 

အရှင်မဟာဓမ္မရက္ခိတမထေရ်ဦးဆောင်၊လူတွေဖက်က ၀ဋဂါမဏိမင်း

ဦးဆောင်ပြီးစတုတ္ထသင်္ဂါယနာတင်ခဲ့ကြတယ်။ဒီသင်္ဂါယနာတင်ပွဲမှာ 

ထူးခြားချက်က ဘုရားရဲ့တရားတော်တွေ နောက်တစ်ခါ ဘေးကြီး

ကြုံရင် မပျောက်ပျက်အောင် ပေရွက်ပေါ်မှာရေးပြီးပေထက်အက္ခရာ

တင်ခြင်းဖြစ်ပါတယ်။
      အဲဒီအချိန်ကနေစပြီး သံဃာတော်အရှင်အမြတ်တွေ မြတ်စွာဘု

ရားတရားတော်တွေကို  လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြပါတယ်။

ယနေ့ ခေတ်ဆိုရင်မစိုးရိမ်း၊ ဘုရားကြီး၊ဂန္ဓာရုံ၊ညောင်တုန်း၊ရွာမပရိယ

တ္တိစာသင်တိုက်၊လယ်တီအစရှိတဲ့စာသင်တိုက်ကြီးတွေ  နောက်ပြီး 

ခေတ်မီနည်းစနစ်နဲ့ သင်ကြားပေးတဲ့ သံဃတက္ကသိုလ်တွေ တည် 

ထောင်ပြီး ဘုရားရဲ့တရားတော်တွေကို မိုးရွာမရှောင် နေပူမရှောင်

  ဆရာရော တပည့်ရောအားသွန်းခွန်စိုက်ကြိုးစားသင်ယူနေကြပါတယ်

                ဒီလို့ ဘာလို့ ကြိုးစားသင်နေတာလဲဆိုရင်မအို၊မနာ၊

မသေတဲ့တရားတွေ၊လောဘ၊ဒေါသ၊မောဟတွေကြီးစိုးနေတဲ့အမှောင်

လောကကြီးကို ထွန်းလင်းစေတဲ့ မြတ်ဗုဒ္ဓရဲ့သစ္စာအလင်းတန်းတရား

တွေ ဒို့ ဒကာ ဒကာမတွေ သိစေချင်လို့ ပါ။


          ဒါကြောင့် ဒို့ ဒကာ ဒကာမတွေ သံဃတော်အရှင်မြတ်တွေကို
 ကြည်ညိုတက်ကြပါစေ။


 သတ္တ၀ါ ခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
                     အရှင်ဝိစက္ခဏ(မဟာလယ်တီ)








Tuesday, 6 November 2012

" မင်းမမှန်ရင် မင်းတရားခံဖြစ်မယ် "


မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ် ။
ငါမမှန်ရင်
ငါတရားခံဖြစ်မယ် ။
တရားဆိုတာ
ညှာလည်းမညှာ
ညာလည်းမညာ
သာစေ နာစေ မရှိ
ပကတိ
သူ့ သဘော သူဆောင်ခြင်း ပဲ။

ဒီနေ့ မင်းလုပ်ရပ်ဟာ
နောင်နေ့  မင်းရဲ့အထ္ထုပါတ်
ဒီနေ့ မင်းလုပ်ရပ်ဟာ
နောင်နေ့မင်းရဲ့အနာဂါတ် ။

မပတ်သက်ချင်လို့ မရ
မစပ်ဆက်ချင်လို့ မရ
မင်းဘ၀ကို မင်းကသာ ပြဌာန်းတယ်။

မင်ဘာလည်း
မင် ဘယ်သူလည်း
မင်းဟာ မင်းဘဲ ။

    ဆရာတင်မိုးရဲ့ကဗျာလေး ကြိုက်လို့ ဦးဇင်းဘလော့စ်မှာ မျှဝေလိုက်
ပါတယ်။

Saturday, 3 November 2012

မိုး




ကိလေသာမိုးစက်များ ဘယ်လိုပဲ ရွာရွာ
ခန္ဓာဆိုတဲ့ကျောင်းလေးကို
ပညာဆိုတဲ့ အမိုးအကာနဲ့ လုံခြုံအောင်ထွေးပွေ့ထားလိုက်ပြီ။
မျက်စိနားနှာလျှာကိုယ်စိတ်ဆိုတဲ့ ယိုပေါက်တွေထဲက
တိုးဝှေ့ရောက်လာမယ့် အာရုံတွေနဲ့ အပြိုင်တိုက်ခတ်မယ့် မာနအစရှိတဲ့ လေတွေ မတိုးဝင်နိုင်အောင် သတိ ၀ီရိယနဲ့ စောင့်ကြပ်ထားလိုက်ပြီ။
မဂ်ဖိုလ်သမာဓိနဲ့ တည်ငြိမ်၊
လွတ်မြောက်မှုနိဗ္ဗာန်ကို ရရှိပြီ။
ကိလေသာမိုးစက်တွေ ရွာချင်သလိုသာ ရွာတော့။
မိုးမယိုမှတော့ မိုးမစိုနိုင်တော့ဘူးပ။


ဆန္နာ မေ ကုဋိကာ သုခါ နိဝါတာ၊
ဝဿ ဒေ၀ ယထာသုခံ။
စိတ္တံ မေ သုသမာဟိတံ ၀ိမုတ္တံ၊
အာတာပီ ၀ိဟရာမိ ၀ဿ ဒေ၀။
(ထေရဂါထာပါဠိတော်)
(မှတ်ချက်)ဓမ္မဂင်္ဂါ မှတ်စုမှကူးယူဖော်ပြသည်။

ငြိမ်းချမ်းသောဘ၀ကိုရချင်တယ်ဆိုရင်--အပိုင်း(၁)



လူတိုင်း လူတိုင်း အောင်မြင်ချင်ကြတယ် ငြိမ်းချမ်းချင်ကြတယ်။
ဘာလို့ မအောင်မြင်တာလည်းမေးရင် ကိုယ်ကိုယ်တိုင်က အရင်စပြီး
ကိုယ်ရဲ့စိတ်ကို မ change လို့ ပါပဲ။ကိုယ်ရဲ့စိတ်ကိုမပြောင်းလဲဘဲနဲ့ 
 တော့  အောင်မြင်တယ်နည်းလမ်းတွေ ငြိမ်းချမ်းတဲ့ နည်းလမ်း
တွေဘယ်လောက်ပဲသိသိ လက်တွေ့ မပါတဲ့အသိတစ်ခုဟာ ဆားမပါတဲ့ဟင်းလို့ ပဲပေါ့ပျက်ပျက်ဖြစ်နေမှာ သေချာပါတယ်။

             ဘ၀မှာ အမှန်တရားကို မြတ်နိုးတယ် ငြိမ်းချမ်း မှုကို ရချင်တယ်ဆိုရင် စစ်မှန်တဲ့တရား သဘာဝလောကကြီးနဲ့ ကိုက်ညီ
တဲ့တရား ရှာဖွေတက်ရမယ် ပြီးရင် ကိုယ့်စိတ်ကို စပြီး change 
ရပါလိမ့်မယ်။ကိုယ်စိတ်ကို မ change ဘဲနဲ့ ငါ အောင်မြင်မှုကို ရချင်
တယ် စစ်မှန်သော ငြိမ်းချမ်းမှုကိုပေးစွမ်းနိုင်တဲ့နိဗ္ဗာန် ရချင်တယ်ဆိုလို့ 
ရှိရင် ကောင်းကင်က ဖို့ လမင်းကြီးကို ကြည့်ပြီ့း ငိုနေတဲ့ကလေးနဲ့  တူနေတော့မှာပေါ့။
      
                ငြိမ်းချမ်းသော ဘ၀ကိုတည်ဆောက်ချင်တယ် သောက ပရိဒေ၀တွေလွတ်မြောက်ချင်တယ်ဆိုရင် ဘုရားလောင်းသူတော်
ကောင်းတွေရဲ့စိတ်ဓာတ်ကို အတုယူရပါလိမ့်မယ်။ဦးဇင်းတို့ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးသည် အသက်(၂၉)နှစ်မှာနိမိတ်ကြီးလေးပါး
မြင်ပြီးတော့ မိမိရဲ့စိတ်ဓာတ်ကို စတင်ပြီးတော့ပြောင်းလဲလိုက်တယ်။
(၆)နှစ်ပတ်လုံးစစ်မှန်သော တရားဓမ္မကို ကိုယ့်တိုင်ကျင့်သုံးပြီး ယူခဲ့ပါတယ်။
        မြတ်ဗုဒ္ဓ၏အဂ္ဂမဟာသာဝကလောင်းလျာဖြစ်တဲ့ ဥပတိဿနှင့်
ကောလိတ(အရင်သာရိပုတ္တရာ၊အရှင်မဟာမောဂ္ဂလာန်)ဆိုတဲ့နာလန္ဒမြို့ 
သားသူငယ်ချင်းနှစ်ယောက် ပူလောင်မှုတွေကင်းဝေးတဲ့ ငြိမ်ချမ်းသော
တရားဓမ္မတွေရှာရင်းလမ်းမှားပြီးတိတ္ထိဆရာကြီးခြောက်ယောက်ထဲက 
တစ်ယောက်အပါဝင်ဖြစ်တဲ့ အမရာဝိက္ခေပ၀ါဒဖြင့်ထင်းရှားသော
သဉ္စယဗေလဋ္ဌပုတ္တအမည်ရှိသိဉ္စည်းဆရာကြီးထံတပည့်ခံပြီး ပရိဗိုဇ်
လုပ်ခဲ့ကြသေးတယ်။
           နောက်ဆုံး ဥပတိဿသည် ဓမ္မဒူတ အရှင်အဿဇိနဲ့ 
တွေ့ ပြီး ယေဓမ္မာဟေတုပ္ပဘဝါ အစရှိတဲ့ဂါထာလေးကိုနားကြားရပြီး 
 မိမိတို့ ၏စိတ်ကို change ပြီး မှန်ကန်သောဓမ္မလမ်းကြောင်းပေါ်
လျှောက်ခဲ့ကြတာ မဟုတ်ပါလော့။

                ဥပတိဿသည် အရှင်အဿဇိထံမှ ယေဓမ္မာ ဟေတု
ပ္ပဘ၀ါ ဂါထာကိုနည်းထောင်ပေါင်းများစွာနဲ့ ချဲထွင်ပြီးနာလိုက်တာ
 သောတာပန်တည်သွားပါတယ်။ဥပတိဿသည်မိမိနာယူရသော
သစ္စာလေးပါးတရားကို သူငယ်ချင်းကောလိတကိုပြန်ဟောရာ
 ကောလိတလည်းသောတာပန်တည်သွားပါတယ်။သူငယ်ချင်းနှစ်
ယောက် မြတ်ဗုဒ္ဓ၏တရားဓမ္မကိုသိဉ္စည်းဆရာ၏တပည့် (၂၅၀)တို့ ကို
လည်း ဟောကြားပြသရာအားလုံးက မြတ်ဗုဒ္ဓ၏သစ္စ၀ိဘဇ္ဇ၀ါဒကိုလက်
ခံကြပါတယ်။ထို့ ကြောင့်သူတို့ အားလုံးဝေဠုဝန်မှာရှိနေသော မြတ်ဗုဒ္ဓ
ထံ တပည့်ခံသွားကြဖို့ သဘောတူဆုံးဖြတ်ခဲ့ကြတယ်။

         ဒါတွေကိုကြည့်ရင်အရှင်အဿဇိက ၏ဟောကြားလိုက်သော
 ယေဓမ္မာ ဟေတုပ္ပဘ၀ါ-ဂါထာလေးကို အကြောင်းပြုပြီး အဂ္ဂမဟာသာ
ဝကလောင်းလျာဖြစ်တဲ့ဥပတိဿနှင့်ကောလိတ(အရှင်သာရိပုတ္တရာနှင့်
အရှင်မဟာမောဂ္ဂလာန်)နဲ့ သိဉ္စည်းဆရာကြီး၏တပည့်(၂၅၀)တို့ သည်
 မိမိတို့ စိတ်ကို ငြိမ်းချမ်းဆီသို စတင် changeလိုက်သည်အကျိုးရလဒ်
ပင်မဟုတ်ပါလော့။
                ဒါကြောင့် မိမိတို့ သည် ငြိမ်းချမ်းသော နိဗ္ဗာန်ချမ်းသာကို ရချင်တယ်ဆိုလို့ ရှိရင် လောဘ၊ဒေါသ၊မောဟတွေထဲမှာ ပျော်မွေ့ နေတဲ့
မိမိတို့ ရဲ့စိတ်တွေကိုအရင်ဆုံးပြောင်းလဲပစ်ပြီး မှန်ကန်သောဓမ္မလမ်း
ကြောင်းပေါ်ကို လျှောက်လှမ်းဖို့ တော့လိုပါလိမ့်မယ်။

ယေဓမ္မာ ဟေတုပ္ပဘဝါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊
ဧဝံဝါဒီ မဟာသမဏော။
ငါ့ရှင် ….. ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့သည်
သမုဒယသစ္စာ တဏှာလောဘလျှင်
အမွန်အစ အခြေခံအကြောင်းရင်း ရှိကြကုန်၏။

ထိုခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကိုလည်းကောင်း၊

ထိုခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အခြေခံအကြောင်းရင်း

သမုဒယသစ္စာ တဏှာလောဘကိုလည်းကောင်း၊

ထိုဒုက္ခသစ္စာနှင့်သမုဒယ ဝဋ်သစ္စာ နှစ်ပါးတို့၏ချုပ်ရာ

 နိရောဓသစ္စာနှင့် ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း အကျင့်ကောင်း မဂ္ဂသစ္စာ ဤနှစ်ပါးတို့ကိုလည်းကောင်း

 ငါတို့၏ဆရာ မြတ်ဗုဒ္ဓက ခွဲခြမ်းစိတ်ဖြာ ဟောကြားတော်မူပါ၏။

ငါတို့၏ဆရာ မြတ်ဗုဒ္ဓသည် သစ္စာလေးပါးကို ဝေဘန် ဟောကြားတတ်သည့်
 သစ္စာဝါဒီ ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူ၏။

သတ္တ၀ါ ခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
                         အရှင်ဝိစက္ခဏ(မဟာလယ်တီ)
       
      
  


မြင့်မြတ်သောစိတ်ထားသို့ လာရောက် လည်ပတ်ကြသော ဓမ္မစာပေချစ်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ၍ မိမိ၏စိတ်ဆန္ဒ ဘဝနှင့်တစ်ထပ်ထဲကြကာ လိုလားတောင်းတ အပ်သော မဂ်,ဖိုလ် နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်ကြပါစေ