Friday, 19 October 2012

ဆန္ဒကို သိက္ခာနဲ့ လဲတော့မယ်ဆိုရင်---



             
              လူဘ၀ရလာကြတဲ့လူတွေဟာ မိမိရဲ့နှလုံးသားထဲမှာ
စစ်မှန်တဲ့တရားဓမ္မတွေ မကိန်းသေးသရ်ျ မကောင်းတာတွေလည်း
 လုပ်မိတက်ကြပါတယ်။

မမှန်တဲ့စကားတွေကိုလည်း ချိုတယ်ဆိုပြီး သောက်နေတက်
ကြပါတယ်။မကောင်းတဲ့အတွေးတွေကိုလည်း စီးမျှော်ချင်တိုင်း
စီးမျှောခွင့်တွေ အပြည့်အ၀ပေးထားလိုက်ကြမယ်ထင်ပါတယ်။

       တစ်ချို့ လူတွေဆိုရင် ဒီလို့ လုပ်ရင် တရားတယ်။ဒီလို့ လုပ်ရင် မတရားဘူးဆိုတာ သူတို့ သိကြပါတယ်။ဒါပေမဲ့ မိမိရဲ့ဆန္ဒ၊မိမိရဲ့ဒေါသ
ဆိုတဲ့အဂတိတရားတွေ မလွန်ဆန်နိုင်တဲ့အတွက် လောကကြီးရဲ့စစ်
မှန်တဲ့တရားတွေကို မျက်ကွယ်ပြုပြီး အရည်ကျိုသောက်နေတဲ့သူ
တွေလည်းတွေ့ ဖူးကြမှာပါ။

          ဦးဇင်းတို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်ထက်က
ရာဇဂြိုဟ်ပြည်မှ ဒကာ ဒကာမများသည် အဖိုးတစ်သိန်းတန်သင်္ကန်း
လျာပုဆိုးကို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး နှင့်အရှင်ဒေ၀ဒတ်
ဘယ်သူကိုလှူရမလဲ ဆွေးနွေးတိုင်ပင်ကြပါတယ်။

              နောက်ဆုံး ရာဇဂြိုဟ်မြို့ သူမြို့ သားတွေကအရှင်ဒေဝ
ဒတ်ကိုလှူဖို့ ဆုံးဖြတ်ကြပါတယ်။ဘာကြောင့်ဒီလို့ ဆုံးဖြတ်တာလဲ လို့ ဓမ္မပဒ ဒေ၀ဒတ်ဝတ္ထုကို ဖတ်ကြည့်လိုက်တဲ့အခါအရှင်သာရိပုတ္တရာ
ကိုယ်တော်မြတ်ကြီးဆိုတာ ဒို့ ဆီကို တစ်ခါတစ်လေမှလာပြီးတော့ 
တရားဟောတာ။အကျိုးပြုတာပါ။
            အရှင်ဒေ၀ဒတ်ကြီးကတော့ ဒို့ ဆီမှာ အမြဲတမ်းနေတယ်တဲ့။
ဒို့ ရဲ့ကိစ္စအ၀၀ကိုလည်း သူပဲကူညီတယ်။ဒို့ နဲ့ လည်း ရင်နှီးတယ်။
ဒါကြောင့်သူ့ ကိုပဲလှူလိုက်ကြအောင်တဲ့။

                    ဒါဟာ လောကီရေးရာဆန္ဒာဂတိနဲ့ တစ်နည်းအားဖြင့်
ပြောရင် နှလုံးသားရေးရာနဲ့ ဆုံးဖြတ်သွားတဲ့အတွက် အရှင်ဒေ၀ဒတ်ကြီးမဲအနိုင်ရသွားတယ်လို့ ပြောလို့ ရပါတယ်။

          တစ်ကယ်လို့ သာဦးဏှောက်နှင့်နှလုံးသားကိုဉာဏ်ယှဉ်
ပြီးတော့တဏှာ၊မာန၊ဒိဋ္ဌိဆိုတဲ့စွဲလမ်းခြင်းမှ လွတ်အောင်ရှောင်ပြီး 
စစ်မှန်သောတရားကိုသာ လိုက်နာကျင့်သုံးမယ်ဆိုလိုရှိရင်----
သီလ၊သမာဓိ၊ပညာနှင့်ပတ်သက်လို့  အရှင်ဒေ၀ဒတ်ထက်အဆ
ပေါင်းများစွာသာတဲ့ဓမ္မသေနာပတိအရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး
ကိုပဲရွေးမယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်။

        အရှင်ဒေ၀ဒတ်က အဖိုးတစ်သိန်းတန်ပုဆိုးကို ရတဲ့အခါ သင်္ကန်းချုပ်ရ်ျဝတ်ဆင်ပြီး မြို့ ရွာအတွင်းသို့ လှည့်လည်သွားလာ
ပါတယ်။ထိုအခါဓမ္မ၀ါဒီပုဂ္ဂိုလ်တို့ က သင်္ကန်းနှင့်အရှင်ဒေ၀ဒတ်သည် 
မထိုက်တန်ဟုကဲ့ရဲ့လာကြတယ်။

           မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကြားတဲ့အခါကိလေသာ
တွေအုပ်မိုးနေပြီး စောင့်ရှောက်ထိန်းသိမ်းရမည့် ဣနြေ္ဒသိက္ခာတို့ 
ကိုလည်းမစောင့်ထိန်း၊မှန်ကန်စွာလည်း ပြောဆိုလေ့မရှိသူမျိုးနဲ့ 
ဖန်ရည်ဆိုးတဲ့သင်္ကန်းမတန်ဖူးရယ်လို ပြောတာကိုလည်းခံ
ခဲ့ရပါတယ်။

         ဒါတွေကိုကြည့်ရင် သာမန်ပုဂ္ဂိုလ်တွေကဲ့ရဲ့တာထက် ဘုရားရှင်
လို့ ပညာရှိပုဂ္ဂိုလ်မြတ်ကြီးတစ်ပါးရဲ့ကဲ့ရဲ့တာကိုခံရတာသည်အင်မတန်မှ
 နစ်နာလွန်းလှပါတယ်။

       တစ်ကယ်တမ်းသေသေချာချာတွေးကြည့်ရင် မိမိရလိုက်တာက
တစ်သိန်းတန်ပုဆိုးပါ။ပေးဆပ်လိုက်ရတာ သိက္ခာတွေက အများကြီးပါ။
တစ်ဘ၀စာပေးဆပ်လိုက်ရတာဆိုတာလည်း မဟုတ်ပါဘူး။
တစ်သံသရာလုံးစာပေးဆပ်လိုက်ရတာပါ။

      ဒါကြောင့် ဆန္ဒကို သိက္ခာနဲ့ လဲတော့မယ်ဆိုရင် ဦးဏှောက်နှင့်
နှလုံးသားကို ဉာဏ်နဲ့ ယှဉ်နိုင်ကြပါစေလိုဆန္ဒပြုရင်------။

သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
                                အရှင်ဝိစက္ခဏ(မဟာလယ်တီ)
         

No comments:

Post a Comment

မြင့်မြတ်သောစိတ်ထားသို့ လာရောက် လည်ပတ်ကြသော ဓမ္မစာပေချစ်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ၍ မိမိ၏စိတ်ဆန္ဒ ဘဝနှင့်တစ်ထပ်ထဲကြကာ လိုလားတောင်းတ အပ်သော မဂ်,ဖိုလ် နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်ကြပါစေ