ကိုယ့်ကိုယ်ကို ငါသိတယ် ငါတက်တယ် လို
့ပြောနေတဲ့သူတွေကို
ကိုယ်ဘေးနားမှာလည်း မြင်ဖူးကြပါလိမ့်မယ်။တစ်ခါတစ်လေမှာ
ကိုယ့်ကိုယ်တိုင်လည်း ဖြစ်ခြင်ရင်ဖြစ်နေပါလိမ့်မယ့် ။ဒါပေမဲ့

မသိခြင်းတရားတွေကို
ခုံမင်စွာဆုပ်ကိုင်ထားတော့ ပြုလုပ်ခြင်း
တရားတွေဟာ ခမ်းခမ်းနားနားစီးဝင်လာပါတော့တယ်။မကောင်းတဲ့
ခမ်းနားမှုတွေ ကျင်းပပေါင်းများလာရင်တော့သာယာလာမယ်။ခံစားလာ
မယ် တဏှာတွေဖြစ်လာမယ် စွဲလမ်းမှုတွေဖြစ်လာမယ် ။
ဒါဆိုရင်တော့ဘ၀တစ်ခုဟာ လန်ဒန်မှာရှိတဲ့ ခြားရဟတ်ဘီးကြီးလည်
သလိုလည်နေဦးမှာပါ။
ကိုယ့်ကိုယ်ကိုအထင်ကြီးမှုဆိုတဲ့ မာနတရားကို ချိုတဲ့ဆိုပြီးတော့
နေ့ စဉ် သောက်နေကြရင်တော့ လောကုတ္တရာဆိုတဲ့ တည်ငြိမ်မှုတွေ
အေးချမ်းမှုတွေဖြစ်စေတဲ့ အချိုရည်နဲ့ ဝေးရတော့မှာပေါ့။
ကိုယ့်ကိုယ်ကို အထင်ကြီးတာနဲ့ ယုံကြည်မှုရှိတာ မတူပါဘူး။ကိုယ့်
ကိုယ်ကိုအထင်ကြီးတာက မာနစိတ်တွေပါနေပါတယ်။ယုံကြည်မှုရှိ
တာကရိုသေတဲ့စိတ်တစ်ဖက်သားကို လေးစားတဲ့စိတ်တွေပါနေပါတယ်။
ဒါကြောင့်မာနနဲ့ ယုံကြည်မှုနှစ်ခုဟာ မျဉ်းပြိုင်တစ်ခုမှာအတူဆုံမှာတော့
မဟုတ်ပါဘူး။
ဓမ္မ ဟာ ဓမ္မလမ်းပဲသွားပါလိမ့်မယ်။ အဓမ္မဟာလည်းအဓမ္မလမ်းပဲ
သွားပါလိမ့်မယ်။
သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
အရှင်ဝိစက္ခဏ(မဟာလယ်တီ)

No comments:
Post a Comment