Monday, 15 October 2012

တန်ခိုးကြီးဘုရားတွေအပေါ်မှာ အမျိုးသမီးတွေတက်သင့်၊မတက်သင့်



နောက်မေးခွန်းတစ်ခုက တန်းခိုးကြီး ဘုရားတွေအပေါ်မှာ အမျိုးသမီးတွေတက်ကောင်း မတက်ကောင်း တက်ရင် ငရဲကြီးသလား။
ပိဋကတ်စာပေအထောက်အထား ။နောက်ထပ်ဆက်မေးတာက ဘုရားပေါ်မတက်ရလို့ တားမြစ်သူတွေ ငရဲကြီး မကြီး ။အင်း
 တော်တော်မေးနိုင်တဲ့ ဒကာမပဲ။မေးတဲ့သူရှိတော့လည်းဦးဇင်းတက်နိုင်
သလောက် ဖြေပေးရတာပေါ့။

ဘုရားပေါ်တက်လာတဲ့ အမျိုးသမီးတွေကို တားမြတ်တဲ့
သူတိုင်းကို အပြစ်ဖြစ်တယ်လို့  ပြောလို့ မရပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတာ ကြားဖူးမှာပေါ့။ဥပမာ--

ဘုရားရှင်၏သီလ၊သမာဓိ၊ပညာဂုဏ်တို့ ကိုလေးစားသောအားဖြင့်
ဂရုဂါရ၀ဖြစ်စေသောငှါ ဘုရားပေါ်မှာ အမျိုးသမီးတွေတက်လာတာကို
တားမြစ်လာရင်တော့ အပြစ်မဖြစ်ပါ။

ထိုသို့ မဟုတ် မိမိတို့ ကိုးကွယ်တဲ့ဘုရား ဘုန်းကံနိမ့်မှာကြောက်လို့ 
လာက်လာဘတွေနည်းမှာကြောက်လို့ ၊လောကီအစီအရင်တွေပျက်မှာစိုး
လို့ ဆိုတဲ့ အကြောင့်တွေကြောင့်တားမြစ်လာရင်တော့ဆရာရော၊

ဒကာရောအ၀ိစိပါပဲ။

ဘာလို့ လည်းဆိုတော့ ဦးဇင်းတို့ ဘုရားကိုယ်တော်မြတ်ကြီးတောင်မှ “နကုလမာတာ+နကုလပိတာ”ဇနီးမောင်နှံတို့သည် မြတ် စွာဘုရားကို ပထမဆုံးအကြိမ် တွေ့လျင်တွေ့ခြင်း မြတ်စွာဘုရား ရှင်အားသာမန်

ရင်းနှီးသူများကိုကဲ့သို့ ဖက်လှဲတကင်း နှုတ်ဆက်သမှုပြုတာတွေ၊
ဂန္ဓကုဋီကျောင်းဆောင်ထဲအတွင်း ၀ိသာခါ ခေမာ စတဲ့ အမျိုးသမီးများ
ဝင်ထွက် သွားလာခွင့်ပေးထားတာတွေ၊


ဘုရားရှင်ကိုယ်တော်မြတ်ကြီးကပိလ၀တ်နေပြည်တော်ကိုပြန်
လာသောအခါ ယသော်ဓရာမင်းသမီးက ဘုရား၏ခြေထောက်ကိုဖက်ရ်ျ
ငိုတာတွေကို မတားဘဲခွင့်ပြုထားသည် မဟုတ်ပါလော့။

ဘာလို့ ခွင့်ပြုတာလည်းဆိုရင် သတ္တ၀ါတွေ စိတ်ချမ်းသာအောင်
အကျိုးများအောင်လို့ ပါ။ဒါကြောင့် သတ္တ၀ါအားလုံးကိုယ်ချမ်းသာစေချင်
တယ် စိတ်ချမ်းသာစေချင်တယ်ဆိုရင် ဘုရားရှင်အလိုအတိုင်းသာ
အကောင်းဆုံးပါပဲလို့ ဖြေကြားလိုက်ပါရစေ။

          ဒီနေရာမှာ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသဖြေထားတာ
ကိုလည်းဗဟုသုတအဖြစ်တင်ပြလိုက်ပါ တယ်။
Tradition and Buddhism should be distinguished.

    ဘုရားပေါ်မှာ အမျိုးသမီးတွေ မတက်ရဆိုတာနဲ့ပတ်သက်လို့ ဗုဒ္ဓ၀ါဒက အမျိုးသား အမျိုးသမီး ခွဲခြားဆက်ဆံတာမဟုတ်၊ ယင်းသို့မတက်ရခြင်းမှာ မြန်မာ့ယဉ်ကျေးမှု ရှေးအစဉ်အလာသဘောအ
ရ တားမြစ်ထားခြင်းဖြစ်သည်၊ ဗုဒ္ဓ၀ါဒက တားမြစ်ထားသောကြောင့်
မဟုတ်ဟူ၍ ဖြစ်ပါသည်။ အမျိုးသမီးများကလည်း မြတ်စွာဘုရားကို ကြည်ညို၍ ဘုရားပေါ်တက်ပါက ငရဲမကြီးနိုင်ဟူ၍ မှတ်ယူရမည်ဖြစ်
ပါသည်။ ထို့ကြောင့် ရှေးအစဉ်အလာ မြန်မာ့ယဉ်ကျေးမှု နှင့် ဗုဒ္ဓ၀ါဒ ကို ကွဲပြားစွာနားလည်သင့်ပါသည်။

(မှတ်ချက်) ဘုရားပေါ်အမျိုးသမီးတွေတက်ရင် ငရဲကြီးတယ်လို့ 

ယူဆထားသူများ tradition ရိုးရာအစဉ်အလာ မှားယွင်းစွာ လက်ခံလာမှုတွေရပ်တန့် နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
အမျိုးသမီးတွေက ဘုရားရှင်၏အထက်ပေါ်မှာ ရောက်နေလို့ 
ဂရုဂါရ၀ဖြစ်စေသောငှါ တားမြစ်ရင်တော့ အပြစ်မဖြစ်ပါ။
သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာ ရှိပါစေ။
အရှင်ဝိစက္ခဏ(မဟာလယ်တီ)

No comments:

Post a Comment

မြင့်မြတ်သောစိတ်ထားသို့ လာရောက် လည်ပတ်ကြသော ဓမ္မစာပေချစ်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ၍ မိမိ၏စိတ်ဆန္ဒ ဘဝနှင့်တစ်ထပ်ထဲကြကာ လိုလားတောင်းတ အပ်သော မဂ်,ဖိုလ် နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်ကြပါစေ