( မိမိရဲ့စိတ်ကို သီလ၊သမာဓိ၊ပညာတွေနဲ့ အကောင်းဆုံးလှလှပပ
ဆွဲဆောင်နိုင်အောင် လုပ်နိုင်သူတွေက ဘ၀မှာ အဆင့်တန်းမြင့်
မြင့်နေသွားရတာချည်းပါပဲ)
လူတွေရလာတဲ့ဘ၀တွေက
အတူတူပါပဲ။သူလည်းခန္ဓာငါးပါး
ရုပ်နာမ်နှစ်ပါး ကိုယ်လည်ခန္ဓာငါးပါးရုပ်နာမ်းနှစ်ပါး သူမှာလည်းခေါင်း
ရှိတယ်လက်ရှိတယ်။ကိုယ့် မှလည်း ခေါင်းရှိတယ် လက်ရှိတယ်။

ဘာကွာတာလည်းဆိုရင်
စိတ်ထားတွေကွာသွားတာပါ။
ဘုရားလောင်းသူတော်ကောင်းတွေက စိတ်ထားကို အမြင့်ဆုံးမှာ
ထားပါတယ်။ လူညံ့တွေကတော့စိတ်ထားကို အောက်ဆုံးမှာထား
ပါတယ်။စိတ်ထားတွေကွာတော့ ဘ၀ပေးလည်း ကွာသွားတာပေါ့။
ဥပမာ----
ဦးဇင်းတို့ မြန်မာနိုင်ငံကဧရာဝတီ မြစ်နဲ့ လန်ဒန်က သိမ်းမြစ် ကွာသလို
ပေါ့။ဦးဇင်းတို့ မြန်မာနိုင်ငံက ဧရာဝတီမြစ်က သဘာဝအရ သာယာ
လှပပါတယ်။
ဒါပေမဲ့ ဆွဲဆောင်မှု ရှိအောင်မလုပ်နိုင်ဘူး။အသုံးမချတက်ဘူး။
လန်ဒန်ကသိမ်းမြစ်က သဘာဝအလှတော့မရှိဘူး ဒါပေမဲ့အင်္ဂလိပ်
တွေက ခေတ်မီနည်းစနစ်တွေနဲ့ ကမ္ဘာလည့်ခရီးသွားတွေကိုဆွဲဆောင်
နိုင်အောင်လုပ်နိုင်တယ်။ဒါကြောင့်ကမ္ဘာကျော်သွားတယ်။
အဲဒီအတိုင်းပါပဲ ဦးဇင်းတို့ ရဲ့ဘ၀တွေဟာလည်း ရတာချင်းတော့
အတူတူပါပဲ။ဒါပေမဲ့ မိမိရဲ့စိတ်ကို သီလ၊သမာဓိ၊ပညာတွေနဲ့ အကောင်း
ဆုံးလှလှပပ ဆွဲဆောင်နိုင်အောင်လုပ်နိုင်တဲ့သူတွေက ဘ၀မှာ အဆင့်အတန်းမြင့်မြင့် နေသွားရတာချည်းပါပဲ။
(မှတ်ချက်)ကိုယ့်မိခင်ဧရာဝတီမြစ်ကို အပြစ်ဆိုတာတော့ မဟုတ်ပါ
ဘူး။
သတ္တ၀ါ ခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
အရှင်ဝိစက္ခဏ(မဟာလယ်တီ)

No comments:
Post a Comment