Saturday, 13 October 2012

အမျိုးသမီးနှင့်နာလန္ဒာတက္ကသိုလ်


      ၄.၉.၂၀၁၂ ရက်နေ့ က  မြန်မာပြည်က ရောက်လာသောအသဲအလှူရှင်ဦးဇင်းလေးတစ်
ပါးနှင့်ဒကာလေးတစ်ယောက်အားကမ္ဘာကျော်နာလန္ဒာတက္ကသိုလ်သို့ 
ရောက်ဖူးအောင် သူငယ်ချင်းများနှင့်လိုက်ပို့ ကြ၏။
    ကမ္ဘာ့စာမျက်နှာမှာတွေ့ နေရတဲ့နာလန္ဒာတက္ကသိုလ်ကြီးထဲကိုရောက်
တုန်း မှတ်တမ်းတင်ဓာတ်ပုံတွေအများကြီးရိုက်ပြီး ကျေနပ်မိ၏။
အထူးသဖြင့်ဗုဒ္ဓ၏လက်ျာတောရံ အရှင်သာရိပုတ္တရာကိုယ်တော်
မြတ်ကြီး၏မွေးဖွားရာတိုက်ခန်းရှေ့မှာ ဓာတ်ပုံရိုက်ရတာ ပိုကျေနပ်မိ၏။

           ကျေနပ်ရတဲ့အကြောင်း (၃)ချက်ရှိပါတယ်။
အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံခါနီး ဘာသာခြားဖြစ်နေသောမိခင်ရူပသာရီပုဏ္ဍေးမကြီးကို မိဘကျေးဇူးအ
ကျေဆပ်တဲ့နည်း (၄) ခုထဲက ပထမဦးဆုံးသော သဒ္ဓါတရားမရှိတဲ့
မိဘကိုသဒ္ဓါတရားရှိအောင်ဆိုတဲ့နည်းကို အသုံးပြုပြီးမိဘကျေးဇူး
ဆပ်သွားတဲ့နေရာလေးဖြစ်လို့ ပါ။
    ဒုတိယအကြောင်းပြချက်ကတော့----
        ဘုရားရှင်ကိုယ်တော်မြတ်ကြီး လူဘ၀က အမေတော်ခဲ့
ဖူးတဲ့နတ်သားကိုအကြောင်းပြုပြီးတော့ အဘိဓမ္မာတရားပေါ်ပေါက်
လာသလို့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်သည်လည်း အမျိုးသမီး 
(သို့ မဟုတ်) အမေတစ်ယောက်ကိုအကြောင်းပြုပြီးတော့နာလန္ဒာ
တက္ကသိုလ်ကြီးပေါ်ပေါက်လာတဲ့အကြောင်းရယ်

နောက်ဆုံးတစ်ခုက ဦးဇင်းချင်းပြည်နယ်သာသနာပြုစဉ်က 
ဘာသာခြားနှင့်အိမ်ထောင်ပြုသွားသောဗုဒ္ဓဘာသာအမျိုးသမီးတစ်
ယောက်ဆုံးသွားတဲ့အတွက်အရှင်သာရိပုတ္တရာနှင့်မိခင်ပုဏ္ဍေးမကြီး
အကြောင်းကိုဟောပြီးကျေနပ်မှုဖြစ်စေတဲ့ဘာသာရေးတရာလေးဖြစ်နေ
တဲ့အကြောင်းတွေကြောင့်ပါ။
ဒါဆိုရင် အမျိုးသမီးနှင့်နာလန္ဒာတက္ကသိုလ်ခေါင်းစဉ်တပ်ထားတာ
လွန်မယ်မထင်ပါဘူးနော်--း)))
သတ္တ၀ါ ခပ်သိမ်းတရားကိန်းအေးငြိမ်းချမ်းသာရှိပါစေ။
                       အရှင်ဝိစက္ခဏ(မဟာလယ်တီ)

No comments:

Post a Comment

မြင့်မြတ်သောစိတ်ထားသို့ လာရောက် လည်ပတ်ကြသော ဓမ္မစာပေချစ်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ၍ မိမိ၏စိတ်ဆန္ဒ ဘဝနှင့်တစ်ထပ်ထဲကြကာ လိုလားတောင်းတ အပ်သော မဂ်,ဖိုလ် နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်ကြပါစေ