အချောင်လို ချင်တဲ့သူတွေများလာရင် လောကကြီးလည်းနစ်နာတယ်
မိမိနိုင်ငံ မိမိအသိုင်းအ၀ိုင်း မိမိဆွေမျိုးလည်းနစ်နာပါတယ်။
အချောင်လိုချင်တဲ့သူတွေဟာ
လောကီရှုထောင့်ကနေကြည့်ရင်လည်း
ကြီးပွားချမ်းသာဖို့ အောင်မြင်ဖို့ ဆိုတာမလွယ်ပါဦး။အောင်မြင်ရင်လည်း
ခဏပါပဲ။လောကုတ္တရာရှု့ ထောင့်ကနေကြည့်ရင်လည်း သူများရပြီးသာ
စိတ်ချမ်းသာမှုကို အချောင်လိုချင်လို့ မရပါဘူး။အချောင်ယူလို့ 
ရတဲ့စိတ်ချမ်းသာမှုရှိရင်လည်း အဲဒါဟာ အတုပဲဖြစ်ပါလိမ့်မယ်။
တစ်ခါတစ်လေမှာ လူတွေဟာ ဘာမှမလုပ်ချင်ပေမဲ့ ချမ်းချမ်း
သာသာနေချင်ကြတယ်။ကိုယ်ကိုတိုင်က ဘာမှမလုပ်ဘဲနဲ့ သူများ
တွေကြီးပွားသွားပြီး အောင်မြင်သွားပြီးဆိုရင်တော့ မနာလို့ မှုတွေ ၀န်တိုမှုတွေဖြစ်လာပြီး သူတစ်ပါးရထားတဲ့အောင်မြင်မှု ပစ္စည်းဥစ္စာ
ပျော်ရွှင်မှု အေးချမ်းမှုတွေကို ကိုယ်ဟာလုပ်ချင်လာကြတယ်။လိုချင်
လာကြတယ်။
လိုချင်လာတော့ စွဲလန်းလာတယ် စွဲလန်းလာတော့ကောင်းတဲ့နည်း
နဲ့ ရရင်ရ မရရင် မကောင်းတဲ့နည်းသုံးတော့တာပဲ။ဒီလိုလုပ်လိုက်ပြီး
ဆိုမှတော့ ဘ၀မှာ အမည်းစက်တစ်ခုထင်သွားပါပြီး။အမည်းစက်
ထင်သွားရင်ဘ၀ဟာ ဒီဘ၀မှာရော သံသရာမှာရော မျက်နာငယ်ရပြီး။
မလှပတော့ပါဘူး။
ဘုရားလောင်သူတော်ကောင်းတွေကတော့ ဘ၀ကို လှလှပပဖြစ်
အောင်ကိုယ်ကိုတိုင်ပဲ ပုံဖော်လေ့ရှိတယ် ထုဆစ်လေ့ရှိပါတယ်။
သူများရပြီးတာ အောင်မြင်မှု အေးချမ်းမှုကို အချောင်လိုချင်တဲ့စိတ်
မရှိပါဘူး။ကိုယ်တိုင်အားထုတ်လို့ ရတဲ့အောင်မြင်မှုမျိုးကို ပိုပြီးနှစ်သက်
တယ် လေးစားတယ် တန်ဖိုးထားပါတယ်။ဘာကြောင့်လဲဆိုရင်သုမေဓာ
ရှင်ရသေ့ဘ၀ကိုကြည့်ပါ။
ရပ်ရွာလူကြီးက သုမေဓာရှင်ရသေ့လေး လောကီတန်ခိုးရှင်မှန်သိတော့
သူများတွေ မလုပ်ချင်တဲ့ ဗွက်ကြီးကို လုပ်ဖို့ ပေးလိုက်ပါတယ်။
တစ်ရွာလုံးကလူတွေမဖို့ ချင်တဲ့ဗွက်ကြီးကို သုမေဓာရှင်ရသေ့လေးက သူ့ ရဲ့တန်ခိုးနဲ့ ဖို့ ရင်ခဏလေးပါ။ဒါပေမဲ့ မလုပ်ခဲ့ပါဘူး။သူကိုယ်တိုင်ပဲ လုပ်အားဒါနနဲ့ ကုသိုလ်ယူခဲ့ပါတယ်။
ဒါဟာ မွန်မြတ်တဲ့စိတ်ထား သူတော်ကောင်းတွေချီးမွမ်းတဲ့စိတ်ထား
လေးစားစရာကောင်းတဲ့စိတ်ထားလို့ ပြောရင် ကျေနပ်မယ်ထင်ပါတယ်။
သတ္တ၀ါ ခပ်သိမ်းတရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။
အရှင်ဝိစက္ခဏ(မဟာလယ်တီ)

—
No comments:
Post a Comment