Saturday, 13 October 2012

Give and Take



လူမိုက်တွေကတော့ ကုသိုလ်ကောင်းမှု့ လုပ်ပြီးရင် ကုသိုလ်ရဲ့
အကျိုး ပြန်ရတယ်ဆိုတာ သူတို နားမလည်ပါဘူး။
ကုသိုလ်လုပ်လည်း အလကားပါ ငွေကုန်တယ် အချိန်ကုန်တယ်လို့ 
မပြောကြဘူးလား?၊ပြောကြပါတယ်။ အဲဒီလူတွေက လူမိုက်တွေပါ။

လူတော်တွေကတော့ ကုသိုလ်လုပ်ရင် ကုသိုလ်ရတယ်ဆိုတာ
သူတို့ နားလည်ပါတယ်။ Life is reflection of mind ဆိုတာ သူတို့ 
နားလည်ပါတယ်။ဒါကြောင့်ကုသိုလ်လုပ်ပြီးရင် တူသောအကျိုးလိုချင်
ကြပါတယ်။ဒါဟာ လောကုတ္တရာရှု့ ထောင့်ကနေပြောတာပါ။

လောကီရှု့ ထောက်ကနေကြည့်ပြောရင် တစ်ချို့ ပုဂ္ဂိုလ်တွေ
Give လုပ်ကြပါတယ်။ဥပမာ--ကိုယ့်ချစ်သူတို့  ကိုယ့်ဆရာသမားတို့ 
ကိုယ့်အထက်က အကြီးအကဲတွေကို Giveလုပ်တာတွေ တွေ့ ဖူးပါလိမ့်
မယ်။Give လုပ်ပြီးရင် Take လုပ်ချင်တဲ့သဘောတွေရှိနေပါတယ်။
ဒါဆိုရင် အမွန်မြတ်ဆုံး စိတ်ထား လေးစားစရာအကောင်းဆုံး
စိတ်ထားလို့ ပြောလို့ မရသေးပါဘူး။

အမွန်မြတ်ဆုံးစိတ်ထားပိုင်ရှင် လေးစားစရာအကောင်းဆုံးစိတ်
ထားပိုင်ရှင်မြတ်စွာဘုရားကတော့ သုမေဓာရှင်ရသေ့လေးဘ၀ကနေ
စပြီးတော့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း Give လုပ်ပြီး အနစ်နာခံခဲ့တာ
ပါ။ ဘုရားဖြစ်တော့လည်း သက်တော်ရှစ်ဆယ်၊၀ါတော် လေးဆယ့်ငါးဝါ
ကာလပတ်လုံး လူအမျိုးအစားမခွဲခြားဘဲ ယောက်ျ၊မိန်းမအားလုံး တရား
ရေအေးတိုက်ကျွေးတော်မူပြီး Give ပဲလုပ်ခဲ့တာပါ။

တနည်းအားဖြင့်ပြောရင် သံသရာမှာလည်း အနာခံခဲ့ပါတယ်။
ဘုရားဖြစ်တော့လည်း အနာခံခဲ့ပါတယ်။အကြောင်းမှာလည်း အနာခံခဲ့
ပါတယ်။အကျိုးမှာလည်း အနာခံခဲ့ပါတယ်။အသာမစံခဲ့ပါဘူး။ Take မလုပ်ခဲ့ပါဘူး။
ဒါဟာအမွန်မြတ်ဆုံးစိတ်ထား၊လေးစားစရာအကောင်းဆုံးစိတ်ထားလို့ 
ပြောရင် လက်ခံကျေနပ်မယ်ထင်ပါတယ်။

ဒါကြောင့် ဦးဇင်းအနေနဲ့ ပြောချင်ပါတယ်။ဘုရားလောင်းသူတော်

ကောင်းတွေလို့ အမြဲတန်းအနစ်နာခံရမယ်လို့ တော့ မပြောလို ပါဘူး။
(ဦးဇင်းလည်းမလုပ်နိုင်သေးပါဘူး)ဒါပေမဲ့ကိုယ်တက်နိုင်သလောက်တော့
အနစ်နာခံပြီးတော့ ပါရမီဖြည့်ကြည့်စေချင်ပါတယ်။

သတ္တ၀ါ ခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ။ ။
အရှင်ဝိစက္ခဏ( မဟာလယ်တီ)

No comments:

Post a Comment

မြင့်မြတ်သောစိတ်ထားသို့ လာရောက် လည်ပတ်ကြသော ဓမ္မစာပေချစ်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ၍ မိမိ၏စိတ်ဆန္ဒ ဘဝနှင့်တစ်ထပ်ထဲကြကာ လိုလားတောင်းတ အပ်သော မဂ်,ဖိုလ် နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်ကြပါစေ